Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်သူးလေနယ်မြေထဲက ရွာအချို့မှာ ငှက်ဖျားရောဂါနဲ့ အဖျားလူနာတွေတွေ့နေရ

အခုရက်ပိုင်းထဲ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကေအဲန်ယူ-ဖားအံခရိုင် မော်ပယ်ခို့ကျေးရွာအနီးတစ်ဝိုက်မှာရှိတဲ့ ဒေသခံတွေတချို့ဟာ အအေးမိချမ်းတုန်ပြီး အဖျားကြီးတာ၊ ချွေးထွက်တာ၊ ခေါင်းကိုက်တာ စတဲ့ ငှက်ဖျားရောဂါလက္ခဏာတွေနဲ့ အများအားဖြင့် ဆေးခန်းလာပြတယ်လို့ ဒေသခံဆရာမတစ်ဦးက ဆိုပါတယ်။

ကော်သူးလေနယ်မြေထဲက ရွာအချို့မှာ ငှက်ဖျားရောဂါနဲ့ အဖျားလူနာတွေတွေ့နေရ
ကော်သူးလေနယ်မြေထဲက ရွာအချို့မှာ ငှက်ဖျားရောဂါနဲ့ အဖျားလူနာတွေတွေ့နေရ

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒေသခံတချို့ဆီကနေ ငှက်ဖျားရောဂါစစ်ဆေးတွေ့ရှိနေတယ်လို့ ကေအဲန်ယူ-ဖားအံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းထဲ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကေအဲန်ယူ-ဖားအံခရိုင် မော်ပယ်ခို့ကျေးရွာအနီးတစ်ဝိုက်မှာရှိတဲ့ ဒေသခံတွေတချို့ဟာ အအေးမိချမ်းတုန်ပြီး အဖျားကြီးတာ၊ ချွေးထွက်တာ၊ ခေါင်းကိုက်တာ စတဲ့ ငှက်ဖျားရောဂါလက္ခဏာတွေနဲ့ အများအားဖြင့် ဆေးခန်းလာပြတယ်လို့ ဒေသခံဆရာမတစ်ဦးက ဆိုပါတယ်။

“အများစုက ကျောင်းသားတွေပေါ့နော်။ ချမ်းတုန်ပြီး‌တော့ အဖျားကြီးပြီးရောက်လာတာ မနေ့ကစစ်ကြည့်တော့ ၃ယောက်တွေ့တယ်။ကျောင်းသားနှစ်ယောက်ရယ်၊ ရွာသားတစ်ယောက်ရယ်ပေါ့” လို့ ဒေသခံဆရာမက ဆိုပါတယ်။

ငှက်ဖျားရောဂါခံစားနေရတဲ့ ရွာသားတစ်ဦးကတော့ “မဲတရေ့မှာ အလုပ်လုပ်နေတယ်။ ရွာပြန်ရောက်ပြီး ညတွင်းခြင်း ချမ်းတုန်ပြီးဖျားတယ်။ ပါရာသောက်တယ်။ နောက်သုံးရက်နေတော့ မခံမရပ်နိုင်လောက်အောင် အဖျားကြီး ခေါင်းကိုက်နေတော့ ဆေးခန်းလာပြတယ်။ ဆရာမ စစ်ကြည့်တော့ ငှက်ဖျားရောဂါ‌တွေ့တယ်။ ဆရာမက ဖြူရော်ဖြူဖတ် ဖြစ်နေတယ်ဆိုလို့ ဆေးလုံးကြီးချိတ်ပေးတယ်။ ဆေးခန်းမှာ တစ်ညအိပ်ရတာပေါ့” လို့ ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ငှက်ဖျားရောဂါကို အစုလိုက်အပြုံလိုက်မဖြစ်ရလေအောင် ခြင်းဖြန်းစက်ကြီးတွေ၊ ဆေးဝါးထောက်ပံ့စီမံမှု၊ ငှက်ဖျားရောဂါအသိပညာပေးမှုတွေကို မော်ပယ်ခို့ကျေးရွာအနီးတဝိုက်က ဒေသခံတွေက အကူအညီလိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူ-ဖားအံခရိုင် သတင်းစဉ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကေအဲန်ယူလက်အောက်ခံ စာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေများပြားလာလို့ ကျောင်းဆောင်တွေထပ်တိုးတည်ဆောက်ရပြီး ကျောင်းဆရာဆရာမတွေလည်းလိုအပ်ချက်ရှိတယ်လို့ ကရင်ကျောင်းသားများကွန်ယက်(KSNG)က သတင်းပြန်ကြားရေးတာဝန်ခံ စောအဲ့ကညောက အခုလိုပဲပြောပြပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲဘက်ကတော့ ခုနှစ်ဦးကျဆုံးခဲ့ပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

သတင်း

တပ်မဟာ ၂ ထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် စစ်ကောင်စီရဲ့ စကခ(၂၀) ဗိုလ်မှူးချုပ်ကိုကိုလွင်ဟာ ကေအဲန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုတွေကို ရပ်တန့်ဖို့ အထူးသတိပေးပြီး စစ်ကောင်စီအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူသွားမှာမဟုတ်ဘူးလို့ ပါရှိပါတယ်။

News

MPDF- GANGAW နှင့် မဟာမိတ်များဖြစ်ကြသော ဒေသခံ၊အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပကဖ အဖွဲ့၊ YPDF တပ်ဖွဲ့တို့ဖြင့် ပူးပေါင်းစစ် ဆေးတိုင်ပင်၍ YPDF မှ တာဝန်ယူကာ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးပို့ခဲ့ပြီဖြစ်ကြောင်း အသိပေးသည်။