Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် ဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်မြင့်စံချိန်တင်​ဈေးတက်

ဒီဇယ်တစ်လီတာလျှင်တစ်ရက်အတွင်း ၇၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးသမိုင်းတွင်ဒီဇယ်​ဈေး အမြင့်ဆုံးနှုန်းဖြစ်​ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များကပြောသည်။

(ရန်ကုန်တွင် ပြီးခဲ့သည့် ဧပြီလက စက်သုံဆီပြတ်လပ်မည့်စိုး၍ တန်းစီဆီဝယ်​နေကြသူများ ။ဓါတ်ပုံ-People's Spring)
(ရန်ကုန်တွင် ပြီးခဲ့သည့် ဧပြီလက စက်သုံဆီပြတ်လပ်မည့်စိုး၍ တန်းစီဆီဝယ်​နေကြသူများ ။ဓါတ်ပုံ-People's Spring)

ရန်ကုန်မြို့တွင် ယနေ့တွင် (ဇွန်၁၁ရက်) ဒီဇယ်တစ်လီတာလျှင် ၂၆၀၀ကျပ်အထိ​ဈေးတက်ပြီး စက်သုံးဆီဈေး စံချိန်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာစုံစမ်းသိရသည်။

ဒီဇယ်တစ်လီတာလျှင်တစ်ရက်အတွင်း ၇၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးသမိုင်းတွင်ဒီဇယ်​ဈေး အမြင့်ဆုံးနှုန်းဖြစ်​ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များကပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ယ​နေ့အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ်နှင့် ပရီမီယံ တစ်လီတာကို ၂၆၄၀ကျပ်​ဈေး​ပေါက်သည်။

“ဈေးတွေသာတက်သလို ဝယ်ဖို့လည်းခက်တယ်။ဆီဆိုင်အများစုက ဆီတွေပြတ်လပ်နေတယ်”ဟု ရန်ကုန်မြို့တွင်ဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

အခြားမြို့ကြီးတွင်လည်းစက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး ဆိုင်အများစုမှာ ပိတ်ထားသည်ဟု​ဒေသခံများကပြောသည်။

“မန္တလေးမှာတော့ လမ်းဘေးမှာဖွင့်တဲ့ ဆိုင်တွေကို ဖွင့်ရင်ဖမ်းမယ်ဆိုလို့ ဆိုင်ကြီးတွေမှာပဲ တန်းစီဝယ်နေရတယ်၊ အာ့မှာလဲ တန်းစီနေရတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြော
သည်။

စစ်ကောင်စီတပ်က လမ်းဘေးတွင် ရောင်းချနေသည့်ဆီဆိုင်ငယ်များကို ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေပြီး ဆီဆိုင်အကြီးများတွင် ဝယ်ယူရမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။

ရန်ကုန်၊မန္တလေး စသည့် မြို့ကြီးများမှ အပ ကျန်မြို့များတွင် အောက်တိန်း တစ်လီတာကို ကျပ် ၃၀၀၀နီးပါးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

​ဇွန် ၁၀ ရက်ကအောက်တိန်း၉၂တစ်လီတာလျှင် ၂၂၉၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၂၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင်၂၅၄၀ကျပ်နှင့်ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၇၀ကျပ်ဈေး​ပေါက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

News

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

News

ဦးစိုးစိုးဇော်သည် ဒီချုပ် လက်ထက်ကတည်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ အောက်တွင် တိုင်းအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ် သည်။

News

မည်သည့်အ​ကြောင်းဖြင့်ဖြစ်​စေ​ရွှေ​ဈေးတက်လျှင်စစ်​ကောင်စီက လုပ်ငန်းရှင်များကိုဖမ်းဆီးခြင်း၊​ခေါ်ယူစစ်​ဆေးခြင်း၊ခြိမ်း​ခြောက်ခြင်းစ​သောနည်းလမ်းများဖြင့်​ဈေးကျ​အောင်လုပ်​လေ့ရှိ​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

News

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့(WTRF)သည် ယမန်နေ့(မေလ ၆ ရက်) နံနက်ပိုင်းကလည်း မြို့နယ်လျှပ်စစ်ရုံးအတွင်း မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။