close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အရေးယူနိုင်ရေး ကုလလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်းတစ်ရပ် တင်သွင်းရန် ဗြိတိန်ကြိုးစားနေ

စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်း(resolution)တစ်ခုကို ဗြိတိန်က တင်သွင်းရန် စတင်ကြိုးစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

ကုလသဂ္ဂလုံခြုံရေးကောင်စီတွင် ၂၀၂၂ ဒီဇင်ဘာတွင် ဗြိတိန်နိုင်ငံကတင်သွင်း​သောမြန်မာနိုင်ငံနှင့်ပက်သက်​သောအဆိုမူကြမ်းကို​ဆွေ​နွေးဆုံးဖြတ်ခဲ့စဥ်။ဓါတ်ပုံ-UN

အီယိုရီ/People’s Spring

စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်း(resolution)တစ်ခုကို ဗြိတိန်က တင်သွင်းရန် စတင်ကြိုးစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသဂ္ဂလုံခြုံရေးကောင်စီသည် ၂၀၂၂ ဒီဇင်ဘာတွင် အဆိုမူကြမ်းတစ်ရပ်ကို ဆုံးဖြတ်အတည်ပြုခဲ့သော်လည်း လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့် စစ်ကောင်စီကို အရေးယူနိုင်သည့်ယန္တရားမပါရှိခဲ့ပေ။

Public Service Announcement

Public Service Announcement

“၂၀၂၂ ဒီဇင်ဘာလတုန်းက 2669 ဆိုတဲ့ resolution တစ်ခုချခဲ့တယ်။ အဲဒီ resolution နဲ့ပတ်သက်ရင် ကျွန်တော်တို့ အားမလို အားမရ ဖြစ်တယ်။ resolution ချတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ resolution မှာ ပါတဲ့ အချက်တွေက အရမ်းကို enforcer တွေ မပါတဲ့အတွက်ကြောင့် ဒီ resolution ကို စစ်တပ်က မလိုက်နာဘူး၊ ဖောက်ဖျက်တယ်။ ဘာဆက်လုပ်မလဲဆိုတဲ့ အချက်အလက်တွေ မပါလာတဲ့အတွက် စစ်တပ်က သူတို့ လုပ်နေကြအတိုင်း အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်တယ်။ ဒီ culture of impunity ကို ဆက်လက်ပြီးတော့ သူတို့ ရင်ခွင်ပိုက်ပြီး ဆောင်ရွက်နေတယ်ဆိုတဲ့ အနေအထားမျိုး။ ဒါတွေကို နိုင်ငံတကာကလည်းသိတယ်။ ဒါတွေရပ်အောင််ဘယ်လိုလုပ်မလဲဆိုတဲ့ ဥစ္စာမှာ အချင်းချင်းကြားထဲမှာ ညှိနှိုင်းဆောင်ရွက်လို့ မရတဲ့အတွက်ကြောင့် ဒီ resolution က ပျော့တဲ့ ဥစ္စာမျိုးဖြစ်တယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

ထို့အတွက် ဗြိတိန်က ဦးဆောင်ကာ မြန်မာစစ်တပ်ကျူးလွန်မှုများကိုအရေးယူနိုင်ရေးအတွက်နောက်ထပ်အဆိုမူကြမ်းတစ်ရပ်တင်သွင်းရန် ကြိုးပမ်းနေပြီး ယင်းအဆိုမူကြမ်းတွင်စစ်တပ်ကအဆိုမူကြမ်းပါအချက်များကိုလိုက်နာမှုမရှိပါကမည်သို့အရေးယူမည် အချက်များကို ထည့်သွင်းရန် တိုက်တွန်းထားကြောင်း အထက်ပါကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ပြောသည်။

“ဆိုတော့ အခုလည်း UK ကနေ နောက် resolution တင်ဖို့ စကြိုးစားနေပြီ။ ဒါပေမဲ့ resolution မှာပါတဲ့ အချက်အလက်တွေက ကျွန်တော်တို့အမြဲထောက်ပြတာကတော့ဒီ enforceable ဖြစ်တဲ့ resolution ဖြစ်ဖို့လိုတယ်” ဟု သံအမတ်ကြီးက ဆိုသည်။

စစ်ကောင်စီတပ်သည် လက်နက်နှင့် လေကြောင်းကို အသုံးပြုကာ အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့်အတွက် စစ်တပ်ထံ လက်နက်စီးဆင်းမှု ရပ်တန့်ရန်၊ စစ်တပ်ထံ ငွေကြေးစီးဆင်းမှု ရပ်တန့်ရန်၊ စစ်တပ်ထံ လေယာဥ်ဆီ မရောက်ရှိရန် စသည့်အချက်များကို အဆိုမူကြမ်း၌ ထည့်သွင်းကာ လိုက်နာခြင်းမရှိပါက အရေးယူနိုင်ရေးအတွက် သံအမတ်ကြီးက ထောက်ပြတိုက်တွန်းသည်။

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးဆုံးဖြတ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် နိုင်ငံတဝန်း အကြမ်းဖက်မှုမှန်သမျှ ချက်ခြင်းရပ်တန့်ရန်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးထားသူအားလုံး ချက်ခြင်းလွှတ်ပေးရန်၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ ဒီမိုကရေစီနည်းကျအဖွဲ့အစည်းများ၊ အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ်များ ဖြစ်ပေါ်လာရေး၊ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို ထိရောက်စွာ၊ အပြည့်အဝ ချက်ခြင်း အကောင်အထည်ဖော်ရေး စသည့် အချက်များကို ထည့်သွင်း တောင်းဆိုဖော်ပြသည်။

သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သမိုင်းဝင်အထက်ပါဆုံးဖြတ်ချက်တွင် အာဏာသိမ်းစစ်ကောင်စီက ၂ နှစ်နီးပါးရှိလာချိန်အထိ လိုက်နာခြင်းမရှိဘဲ လိုက်နာခြင်းမရှိသည့်အပေါ်တွင်လည်း လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် PDF ရဲဘော်များထောင်ထားသော မိုင်းများရှင်းလင်းသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်းပေါက်ကွဲ၍ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေ၊ အများအပြားဒဏ်ရာရ