close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တားဆီးစစ်ဆေးခံရတဲ့ လူငယ် သေဆုံး

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးအနီး ပြီးခဲ့တဲ့ ရက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ တားဆီးစစ်ဆေးချိန် ဆိုင်ကယ်တိမ်းမှောက်ပြီး လူငယ် ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ဆိုင်ကယ်စီးလူငယ် ၂ ဦးအနက် သေဆုံးသွားတဲ့လူငယ်ကို တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးအနီး ပြီးခဲ့တဲ့ ရက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ တားဆီးစစ်ဆေးချိန် ဆိုင်ကယ်တိမ်းမှောက်ပြီး လူငယ် ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၂၇ရက် ည ၁၀ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု (၁) ရပ်ကွက် ၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းကြား ၊ (ဇ) ရပ်ကွက်ရုံးအနီးမှာဖြစ်ပွားတာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရပ်ကွက်ရုံးအနီး လမ်းမ မှာ စစ်သား နဲ့ ပျုစောထီး ပူးပေါင်းအဖွဲ့က အသက် ၂၅ နှစ်ဝန်းကျင်လူငယ် ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို အတင်းတားဆီးစစ်ဆေးရာမှာ ဆိုယ်ကယ်မှောက်သွားတာလို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

အခင်းဖြစ်ပြီးနောက် မောင်စိုးဆိုတဲ့ လူငယ်ကိုလူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဦီးခေါင်းမှာရရှိထားတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတာကို ပြန်လည်ကြားသိရတယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“ဆိုင်ကယ်အက်ဆီးဒန့် ကြောင့် ဆုံးတယ်ပဲသတင်းလွှင့်ခိုင်းတယ်”လို့ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။

သေဆုံးသူနဲ့အတူပါလာတဲ့ လူငယ်နဲ့ စက်တင်ဘာလ ၁ ရက်နေ့အထိ အဆက်အသွယ်မရသေးတာကြောင့် ဖြစ်စဉ် အကြောင်းရင်းကို မသိရသေးဘူးလို့လည်း သေဆုံးသူလူငယ်မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

အဆက်အသွယ်မရတဲ့လူငယ်ရဲ့ ကံကြမ္မာ ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အခင်းဖြစ်တဲ့ ညက စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ပြည်ကြီးတံခွန်မြို့နယ် ၊ (ဇ) ရပ်ကွက်မှာ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့ကလည်းပြောပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်ကြီးတံခွန်မြို့နယ် ၊ (ဇ) ရပ်ကွက် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းချက်ထုတ်ပြန်တာမတွေ့ရပါဘူး။

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တားဆီး စစ်ဆေးချိန် မရပ်ပေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကား နဲ့ဆိုင်ကယ်တွေကို ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ထားပါတယ်။

ဒါအပြင် လမ်းသွားလမ်းလာ ပြည်သူတွေ ၊အထူးသဖြင့်လူငယ်ပိုင်းကိုပစ်မှတ်ထားပြီး စစ်ဆေးကာ PDF တပ်ဖွဲ့ဝင် ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးတာ နဲ့ ငွေညှစ်တဲ့ လုပ်ရပ်တွေလည်း ရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်၌ ဖွင့်လှစ်ထားသည့် MAI ရုံးခွဲ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ မတိုက်ခံရအောင် မျိုးချစ်အမည်ခံ စစ်ကောင်စီလက်ဝေခံအင်အားစုတွေက ဒီနေ့မှာ ဆန္ဒပြခဲ့တာရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် အဓမ္မ လိုက်လံခေါ်ဆောင်တာတွေ အခုရက်ပိုင်းမှာ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

သတင်း

စစ်ကောင်စီကိုဆန့်ကျင်သည့် လူငယ်များစွာရောက်ရှိလာ၍ စစ်သင်တန်းများဆက်တိုက်ပြုလျက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားက ပြောသည်။