close
Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာမှာ KNU နဲ့ စစ်ကောင်စီတပ်စစ်ရေးတင်းမာနေ

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

နိုင်ပကောင်း/ People’s Spring

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

မြပတိုင်ကျေးရွာအနီးမှာ မနေ့ သြဂုတ် ၂၈ ရက်ညနေပိုင်း ၃ နာရီခွဲအချိန်က KNU တပ်မဟာ (၇) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြပတိုင်ကျေးရွာ အရှေ့ဘက် မိုင်ဝက်ခန့်အကွာမှာရှိတဲ့ ရင်ကွဲတောင်စခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် နဲ့ KNU တပ်တို့ ထိပ်တိုက်တွေ့ရင်းတိုက်ပွဲဖြစ်တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင် စခန်းဟာ နဘူး – မြပတိုင် – တံတားကျိုး လမ်းပိုင်းပေါ်မှာရှိပြီး အဲဒီတပ်စခန်းရဲ့အနီးတဝိုက် နေရာတွေကို နယ်မြေစိုးမိုးဖို့အတွက် စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာလို့ သိရပါတယ်။

မနေ့ညပိုင်း တိုက်ပွဲတွေကြောင့် မြပတိုင်ရွာက ဒေသခံရွာသူရွာသားတွေ ထွက်ပြေးနေရပြီး လတ်တလောအခြေအနေ အရ စစ်ရေးတင်းမာနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပြပါတယ်။

၂၀၁၄ ခုနှစ် သန်းကောင်စာရင်းအရ မြပတိုင်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ကျော် နေထိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း ရင်ကွဲတောင်နဲ့ မြပတိုင်ရွာ ဘက်မှာတိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရဖူးပါတယ်။

အဲဒီနောက်ပိုင်း စစ်ရေး အခြေအနေ ပြန်လည်တည်ငြိမ်သွား လို့ ဒေသခံတွေ ရွာမှာပြန်လည်ဝင်ရောက်နေထိုင်မှာ တကျော့ပြန် တိုက်ပွဲနဲ့ကြုံရတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook