ရဲခေါင်/People’s Spring
အာဏာသိမ်းခေါင်ဆောင်း မင်းအောင်လှိုင်သမီးလုပ်ကိုင်ခွင့်ရ နေသည့် လျှပ်စစ်ကား(EV) Charging Station များတွင် အားသွင်းခ နှစ်ဆခွဲဈေးတက်သွားကြောင်း မော်တော်ကားစျေးကွက်မှ သိရသည်။
စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုနှုန်းထားနှင့်အတူ EV ကားများအပေါ် အားသွင်းခနှုန်းကို ယခင် တစ်ယူနစ် ၄၀၀ ကျပ်မှ ယခု ၁၀၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံခြင်းဟု ဆိုသည်။
“EV ဆို အရမ်း သက်သာတဲ့ခေတ်ကုန် သွားပြီ။နည်းနည်းပဲသက်သာတော့တယ်။ အရင် ၂၅,၀၀၀ ဆို အခု ၆၅,၀၀၀ ပေးရတယ်”ဟု EV ပိုင်ရှင်တစ်ဦးက ပြော သည်။
စစ်ကောင်စီ လက်ထက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းမှု ပိတ်လိုက်သော်လည်း လျှပ်စစ်ကား (EV) ကို အထူးကုန်စည်အဖြစ်သတ်မှတ်ကာ အာဏာသိမ်းခေါင်းဆောင်၏ သား သမီးများ၊စစ်တပ်အသိုင်းအဝိုင်း ၊စစ်တပ်နှင့်နီးစပ်သော လုပ်ငန်းရှင်များကိုသာ တင်သွင်းလုပ်ကိုင်ခွင့်ပေး ခဲ့ခြင်းဖြစ်သည်။
“စျေးကွက်ထဲ ၂,၀၀၀ လောက်တော့ ရောက်နေပြီ။စာချုပ် ချုပ်ထားတွေအရ ဆိုရင်တော့ သောင်းဂဏန်း ရှိတယ်။အထူးသဖြင့်တော့ အောင်ပြည့်စုံ ကိုင်ထားတဲ့ BYD EV နဲ့ ခင်သီရိသက်မွန်တို့ရဲ့ MG EV က အများဆုံးပဲ။ဒါလည်း သူတို့အုပ်စုက အခွင့်ထူးခံဖြစ်နေတာကို။ပိုက်ဆံရှိတိုင်း ရွေးချယ်ခွင့်မရှိတော့ဘူး”ဟု မော်တော် ကားစျေးကွက်ကျွမ်းကျင်သူတစ်ဦးက လူထုနွေဦး သို့ပြောသည်။
ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော် မတီ (FESC) ၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ အထူးအခွင့်အရေးအဖြစ် EV ကို တင်သွင်းခွင့်ပေးနေခြင်းဖြစ်သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြပ်တည်းနေသည့် အခြေခံလူထု၏ အဓိကလိုအပ်ချက်များကို မဖြည့်ဆည်းဘဲ ပိုမိုကြပ်တည်းလာအောင်လုပ်လာပြီး စစ်ကောင်စီ နှင့် ဆက်စပ်သောသူများအတွက်အခွင့်အလမ်းများကို ဖန်တီးခဲ့သည်။
နိုင်ငံတစ်ဝန်းမီးဖြတ်ပြီး မီးလာချိန် နည်းလာသည့်အတွက် ဈေးကွက် လိုအပ်ချက်များလာသော ဆိုလာ တင်သွင်းရောင်းချမှုကိုလည်း အာဏာသိမ်းခေါင်းဆောင်၏ သား၊သမီး နှင့် ၎င်းတို့ဖြင့်နီးစပ်သူများကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။
စစ်ကောင်စီက ပြည်သူများကိုမူ စက်တင်ဘာလ ၁ ရက်နေ့ကစ၍ မီတာခများ ၂ ဆကျော်တိုးကောက်လာသလို ၊ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ကိုယ့်အစီနှင့် ကိုယ်ဝယ်ယူ တင်သွင်းရမည်ဟု ကြေညာထားသည်။
တဖက်တွင် ပြည်ပပို့ကုန်လုပ်ငန်းများ ၊ပြည်ပသို့သွား ရောက်လုပ်ကိုင်သူများထံမှ ဒေါ်လာနှင့် နိုင်ငံခြားငွေ စေရန်အတွက်် စည်းကြပ်မှုကို ပိုမိုတင်းကြပ်နေသည်။ စစ်ကောင်စီက နိူင်ငံတဝန်းတိုက်ပွဲများတွင် အသုံးပြုရန် ပြည်ပမှ လက်နက်ခဲယမ်း နှင့် လေယာဥ်ဆီ ဝယ်ယူနိုင်ရန် ဒေါ်လာ၊နိုင်ငံခြားငွေများကိုရနိုင်သမျှ လိုက်လံယူနေခြင်းဖြစ်သည်။ သို့သော်စစ်ကောင်စီဆီရောက်သော ဒေါ်လာများကို ပြည်သူများ၏ အခြေခံလိုအပ်ချက်အတွက်မူ သုံးစွဲလိုခြင်းမရှိပေ။