close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်အင်အားစုက ဦးဆောင်ကာ “၁၀၂၇ Second Wave Our Future” စာသားကိုင်စွဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ရဲဘော် တွေကို ထောက်ခံကြိုဆိုတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းသပိတ်အင်အားစုက ၁ဝ၂၇ ဒုတိယလှိုင်းကိုထောက်ခံကြိုဆိုကြောင်းနဲ့ ၁ဝ၂၇လှိုင်းက ပြည်သူလူထုရဲ့ အနာဂတ်၊ မျှော်လင့်ချက်ဖြစ်ကြောင်း “1027 second wave is our future” စာသားကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အခြေခံစီးပွားရေးအရင်းအမြစ်နဲ့ ထောက်တိုင်တွေကို လူထုအာဏာနဲ့ ဆက်လက် ဖြိုချကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ ‘ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ ခေါင်းစဥ်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒေသခံ အမျိုးသမီး လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

​ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဒီကနေ့ (စက်တင်ဘာ ၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ကော့မပြင်းကျေးရွာမှ သဲ၊ ကျောက်တူးဖော်ရေးလှေပေါ်ပါ အလုပ် သမားကိုးဦးကို အကြောင်းမဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေက ဒီကနေ့ (စက်တင်ဘာ ၂)ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၁) ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook