close
Connect with us

Hi, what are you looking for?

သတင်း

ယာဂီတိုင်ဖွန်းမုန်တိုင်း နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသအများစု မိုးများပြီး ရေကြီးနိုင်

ယာဂီ (YAGI)တိုင်ဖွန်းမုန်တိုင်းအရှိန် နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် မိုးများနိုင်ပြီး ရေဘေးသတိပြုရန်သတိပေးချက်များရှိနေသည်။

မိထက်/People’s Spring

ယာဂီ (YAGI)တိုင်ဖွန်းမုန်တိုင်းအရှိန် နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် မိုးများနိုင်ပြီး ရေဘေးသတိပြုရန်သတိပေးချက်များရှိနေသည်။

တောင်တရုတ်ပင်လယ်မှ အား​ကောင်းသည့် တိုင်ဖွန်းမုန်တိုင်း ယာဂီသည် ယနေ့ (စက်တင်ဘာဘ ၆ရက်)တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၇ ရက်ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သည်။ ထိုမှတဆင့် ထိုင်း၊ မြန်မာ၊လာအိုနိုင်ငံတို့ ထိစပ်နေသော ရွှေတြိဂံဒေသကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ပြီး မြန်မာဘက်၌မုန်တိုင်းအရှိန်​ကြောင့် မိုးများနိုင်ကြောင်း မိုးလေဝသအရေးလေ့လာသူ ဦးဝင်းနိုင်က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းလည်း ဖြစ်လာနိုင်ပြီး လက်ရှိရာသီဥတုအခြေအနေများကြောင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်၍ စက်တင်ဘာလ ၇ ရက် မှ ၁၂ ရက်အတွင်း မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။

ထိုဒေသများ၌ ၂၄နာရီအတွင်း မိုးရေချိန် ၇လက်မခန့်မှ ၁၀လက်မခန့်အထိ ရွာနိုင်ကြောင်း မိုးလေဝသဝက်ဆိုက်များ၌ သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည်လည်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေ ၈၀ ရာခိုင်နှုန်းအထိအထိရှိနေကြောင်း မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်ပေးနေသည့် ECMWF က ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ကလည်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီကမ်းရိုးတန်း၊ မြစ်၀ကျွန်းပေါ် ၊ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအချို့တွင် မိုးသည်းထန်နိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရန်ကုန်တိုင်း (ကိုကိုကျွန်းမြို့နယ်)၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့တွင် စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အတွင်း မိုးများနိုင်ကြောင်းသတိပေးထားသည်။ အဆိုပါ‌ ဒေသများ၌ ရေဘေး၊ မြေပြိုမှုဘေးများ ကြိုတင်ကာကွယ်ရန် MOHADM က သတိပေးထားသည်။

ယာဂီမုန်တိုင်းသည် ဟိုင်နန်ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းအတွက် အန္တရာယ်ကြီးမားပြီး ကျောင်းများ ပိတ်ထားသလိုလေယာဉ်ခရီးစဉ်အချို့လည်း ဖျက်သိမ်းကာ ကုန်းမြင့်ဒေသများ၌ မြေပြိုမှု အန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားသည်။

(ယာဂီတိုင်ဖွန်း ဂြိုလ်တု​မြေပုံ နှင့် ဖြတ်သန်းဖွယ်ရှိ​သော မုန်တိုင်းလမ်း​ကြောင်း ။ဓါတ်ပုံ-wunderground ၊NY Times၊ NOAA)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

နိုင်ငံတကာ

တာလင်မ်ဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဗီယက်နမ် မြောက်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပေမယ့် သိသိသာသာ အားပျော့သွားကြောင်း ပညာရှင်တွေက ပြောပါတယ်။

Facebook