မိထက်/People’s Spring
ဖားကန့်တွင်စက်တင်ဘာလ ၆ရက်နံနက် ၁၀နာရီခန့်၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှု၌ စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးဒဏ် ရာရရှိသွားပြီး ညနေပိုင်းတွင်သေဆုံးသွားခဲ့သည်။
စစ်ကောင်စီဗျူဟာကုန်းမှပစ်ခတ်သောလက်နက်ကြီးသည် ဖားကန့်မြို့ အထက်တန်းကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။
“ဆေးကုသနေရင်းကနေ သေဆုံးသွားပါတယ်။ လက်နက်ကြီးစတွေ တော်တော်ထိသွားဝာာမို့လေ။ တိုက်ပွဲတွေက ဘာဆက်ဖြစ်မလဲမသိနိုင်အောင် အခြေအနေရှုပ်ထွေးပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူနှစ်ဦး၏ အချက်အလက်အသေးစိပ်ကိုမူမသိရသေးပေ။
ဖားကန့်တွင် စက်တင်ဘာလ၄ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် KPDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်လိုက် သိမ်းပိုက်ခဲ့သည်