close
Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ​ဈေး စံချိန်တင်ထပ်တက်ပြီး ဆိုင်အများစုတွင် ဓါတ်ဆီ 92 တစ်မျိုးသာဝယ်ရ​

စစ်တပ်အာဏာမသိမ်းခင်က​ဈေးထက် ၆ ဆ​ကျော်မှ ၈ ဆခန့်အထိ​ဈေးပိုကြီးလာ

စက်သုံးဆီဝယ်ယူရန်တန်းစီ​နေကြ​သောကားများကို သြဂုတ်လ ဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ- People's Spring

“ဒေါ်လာကို စစ်ကောင်စီကိုင်တဲ့နောက်ပိုင်း စျေးကွက် အား လုံးကမောက်ကမ ဖြစ်ရတယ်။သူတို့ ပေးတဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အတွက် ဒေါ်လာ သန်း ၁၀၀ ဆိုတာ ဆင့်ပါးစပ် နှမ်းပက် ဆိုသလောက်ကို။ဘယ်လုပ်ငန်း ရှင်မှ ဒေဝါလီခံ ပြီး စက်သုံးဆီ ကြိုဝယ်မှာမဟုတ်ဘူး။အဲဒါကြောင့် ကမ္ဘာ့စက်သုံးဆီစျေးတက်ရင် မဖြစ်မနေ တက်ကြလိမ့်မယ်”

− လုပ်ငန်းရှင်တစ်ဦး

ရဲခေါင်/People’s Spring

ပြည်တွင်းစက်သုံးဆီစျေး စံချိန်တင်မြင့်တက်ပြီး အရောင်းဆိုင်အချို့တွင် ဓာတ်ဆီ 92 တစ်မျိုးတည်းသာ ရတော့​ကြောင်း စက်သုံးဆီဝယ်ယူသုံးစွဲနေသူများက လူထုနွေဦးသို့ပြောသည်။

စက်သုံးဆီစျေးမြင့်တက်မှုသည် သြဂုတ်လအတွင်း၌ပင် လေကြိမ်ခန့်ရှိခဲ့ပြီး ယခုတစ်ကြိမ်စျေးသည် စံချိန်တင် စျေးဖြစ်ကာ ဓာတ်ဆီ 92 တစ်လီတာသည် ၃,၁၀၀ ကျပ် ဖြစ်လာသည်။

Public Service Announcement

Public Service Announcement

ယနေ့(သြဂုတ် ၃၀ ရက်) စက်သုံးဆီစျေးနှုန်းများသည် ဓါတ်ဆီ ၉၅ တစ်လီတာ ၃,၂၄၀ ကျပ် ၊ ၉၂ တစ်လီတာ ၃,၁၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၆၅၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၂၉၅ ကျပ် ဖြစ်ကြောင်း စက်သုံးဆီဆိုင်များတွင် ဖော်ပြထားသည်။

ထို့ကြောင့် သြဂုတ် ၁၈ ရက်နောက်ပိုင်း စက်သုံးဆီစျေးနှုန်းများထက် ၉၅ တစ်လီတာ ၁၂၅ ကျပ် ၊ ၉၂ တစ်လီတာ ၁၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၉၅ ကျပ်စီ စျေးမြင့်သွားခဲ့ခြင်းဖြစ်သည်။

“Htoo မှာဆို ၉၂ တစ်မျိုးပဲ ပေးတော့တယ်။ကျန်တာ အရောင်းရပ်ထားတယ်ပြောတယ်။MMTM မှာဆိုလည်း ၉၂ ပဲရတော့တယ်။ကျန်တဲ့ ဓါတ်ဆီဆိုင်တွေ အရင်လို တန်းစီ နေရပြန်ပြီလေ”ဟု တက္ကစီ ယာဥ်မောင်းတစ်ဦးက ပြောသည်။

အရပ်သားအစိုးရ လက်ထက်က တရားဝင်ထုတ်ပြန်ထားသည့် ပြည်ပသွင်းကုန်စာရင်းများအနက် စက်သုံးဆီ အတွက်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ အနည်းဆုံးဒေါ်လာ နှစ် ဘီလီယံ နှင့် သုံးဘီလီယံ ဖိုး ကြား တင်သွင်းခဲ့သည်။

“စက်သုံးဆီနဲ့ပတ်သက်ရင် အရင်ကလို အရန်ဆီ ဆိုတာကို လုပ်ငန်းရှင်တွေ မစုနိုင်တော့တာပဲ။ဒေါ်လာကို စစ်ကောင်စီကိုင်တဲ့နောက်ပိုင်း စျေးကွက် အား လုံးကမောက်ကမ ဖြစ်ရတယ်။သူတို့ ပေးတဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အတွက် ဒေါ်လာ သန်း ၁၀၀ ဆိုတာ ဆင့်ပါးစပ် နှမ်းပက် ဆိုသလောက်ကို။ဘယ်လုပ်ငန်း ရှင်မှ ဒေဝါလီခံ ပြီး စက်သုံးဆီ ကြိုဝယ်မှာမဟုတ်ဘူး။အဲဒါကြောင့် ကမ္ဘာ့စက်သုံးဆီစျေးတက်ရင် မဖြစ်မနေ တက်ကြလိမ့်မယ်။ပြီးတော့ စက်သုံးဆီ ပြတ်လပ် မှုက ဆက်ဖြစ်နေဦးမှာဆိုတာ ကျိန်းသေပြောနိုင်တယ်”ဟု ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

စစ်တပ် အာဏာမသိမ်းမီ ​ရွေး​ကောက်ခံအစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေး သည်ဓါတ်ဆီ 95 တစ်လီတာ ၅၁၀ ကျပ်၊ 92 တစ်လီတာ ၄၀၄ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။ထို​ကြောင့် ​အာဏာမသိမ်းခင်က​ဈေးနှင့် နှိုင်းယှဥ်ပါက စက်သုံးဆီ ​ဈေးမှာ ၆ ဆ မှာ ၈ ဆခန့်အထိ ​ဈေးပိုကြီးလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆီပြတ်လပ်မှုပိုမိုဆိုးရွားလာပြီး ဆီဝယ်ရန် တနေကုန်တန်းစီနေရ

သတင်း

စက်သုံး‌ဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ထက် အခေါက်ရေ လျော့၍ ပြေးဆွဲနေရကြောင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအသိုင်းအဝိုင်းက ပြောသည်။

သတင်း

နှစ်ရက်အတွင်း ပြည်တွင်းစက်သုံးဆီစျေး ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးမြို့တွင် အပူချိန်အောက်တွင် အချိန်ကြာမြင့်စွာ ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးကြီးတစ်ဦး လဲကျသေဆုံးခဲ့သည်။