close
Connect with us

Hi, what are you looking for?

သတင်း

လင်းနစ်​၏ ရေဘေးအလှူသီချင်း ကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့် လေလံဆွဲ

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

(ဇွန် ၂၉ ရက်ကပြုလုပ်သည့် Maryland Music Concert ရန်ပုံငွေပွဲတွင်ဖျော်ဖြေနေသည့်လင်းနစ်)

ဆဏ်း/People’s Spring

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

“10500$ နဲ့ ချစ်သူ့အိမ်အပြန်သီချင်းရဲ့ မူပိုင်ခွင့်ကို အမည်မဖော်လိုသူ အလှုရှင်တဦးကရရှိသွားပါပြီနော် ။အချိန်ကပ်မှ အပြိုင်အဆိုင်လာပေးနေကြလို့ပါ။ လက်တွေတုန်ရင်း စာတွေရိုက်နေရတာ ချစ်တဲ့သူတွေ ကောင်းမွန်အေးချမ်းစွာ အိမ်ပြန်နိုင်ကြပါစေ။ သီချင်းလေးနဲ့အတူတောင်းဆုပြုပါတယ်နော် ” ဟု လင်းနစ်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ချစ်သူ့အိမ်အပြန် အမည်ဖြင့် လင်းနစ်၏ ကိုယ်ပိုင်သံစဉ်သီချင်းကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ဖြင့် လေလံစတင်ခဲ့ပြီး အမြင့်ဆုံး ဒေါ်လာ ၁၀,၅၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

လေလံအောင်သွားသူသည် သီချင်း၏ ဉာဏမူပိုင်ခွင့်ကိုပါရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေအားလုံးကို ရေးဘေးအတွက် လှူဒါန်းမည်ဟု လင်းနစ်က အသိပေးထားသည်။

လင်းနစ်သည် နွေဦးတော်လှန်ရေးအတွင်း ပြည်သူနှင့်အတူ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိကာ တော်လှန်ရေးရန်ပုံငွေပွဲများတွင် ပါဝင်ဖျော်ဖြေပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတွင်ရင်ဆိုင်နေရသည့် ရေဘေးကို လှူဒါန်းရန်အတွက် တော်လှန်အနုပညာရှင်အဆိုတော် လင်းနစ်က ၎င်း၏ကိုယ်ပိုင်သံစဉ်"ချစ်သူ့အိမ်အပြန်" သီချင်းကို လေလံတင်ရောင်းချနေသည်။

သတင်း

တော်လှန် အနုပညာရှင် Rဇာနည်က သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ကို ဒီနေ့မှာ သူ့ရဲ့ ယူကျူ့ကနေ Music Video နဲ့ အတူတင်ပေးထားပါတယ်။

သတင်း

ပြည်သူကိုဂရုမစိုက်သည့်ပုံစံဖြင့် ပြည်သူများ ၏ သပိတ်မှောက်ခြင်း လုပ်ရပ်အား လှောင်ပြောင်ခဲ့သည့် လေးဖြူကို ယခင်အမာခံပရိတ်သတ်များကပါ ပြင်းထန်စွာဝေဖန်ခဲ့ကြခြင်းအပြင် တော်လှန် အနုပညာရှင်များကပါ လေးဖြူ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြသည်။

သတင်း

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

Facebook