close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဘေးမဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံအား စနစ်တကျစောင့်ကြည့်နေဟု မန္တလေး PDF အသိပေး

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ဆည်တော်ကြီးရေလှောင်တမံ​၏ ရေပြင်အနေအထားအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀) ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

ထို့အပြင် စက်တင်ဘာ ၁၅ရက် တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်သည်ဟု မန္တလေးက ထပ်မံအသိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေပြည့်လျှံပြီး ဆည်းကျိူးပေါက်မည်ဟုဆိုကာ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားအတွင်း စစ်ကောင်စီတပ်စခန်း ကင်းစင်သွား

သတင်း

ဇေအောင်/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၂၄ရက် ညနေ ၅နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေး PDFက ဓာတ်ပုံများဖြင့် ထုတ်ပြန်သည်။ မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍...

သတင်း

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးကျေးရွာစစ်ကောင်စီစခန်းကို မန္တလေး PDF ဦး‌ဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၈)ညနေပိုင်း၌ တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄၀ဦးအား ဖမ်းမိထားကြောင်း သတင်းရရှိသည်။

Trending

Facebook