close
Connect with us

Hi, what are you looking for?

သတင်း

NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် နိုင်ငံတကာကို ကုလအရာရှိတိုက်တွန်း

မြန်မာ့အရေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊​ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ဒုတိယမဟာမင်းကြီးက တိုက်တွန်းပြောကြားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး Nada Al-Nashif ။ ဓာတ်ပုံ - Iraninternational

အီယိုရီ/People’s Spring

မြန်မာ့အရေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊​ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ဒုတိယမဟာမင်းကြီးက တိုက်တွန်းပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ‘မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ’နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုတွင် ဒုတိယမဟာမင်းကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီကြောင့်ဖြစ်ပေါ်နေသော အကျပ်အတည်းကို အဆုံးသတ်နိုင်ရေး ‘ချဥ်းကပ်မှုအသစ်’ ချမှတ်လုပ်ဆောင်ရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးက ၎င်း၏ အစီရင်ခံစာတွင် မြန််မာနိုင်ငံ အခြေအနေမှာ ဆင်းရဲဒုက္ခတွင်းထဲ ဆက်လက်နစ်မြှုပ်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း မီးမောင်းထိုးတင်ပြခဲ့သည်။ ထို့အပြင် တိုင်ဖွန်းရာဂီအတွင်း စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီများကို တားဆီးပိတ်ပင်အမြတ်ထုတ်သည့်အခြေအနေကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးက ထည့်သွင်း အစီရင်ခံသည်။

စစ်ကောင်စီကြောင့်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် နည်းလမ်းသုံးခုကိုလည်း အထက်ပါ ဒုတိယမဟာမင်းကြီးက အဆိုပြုတင်ပြသည်။

ယင်းနည်းလမ်းသုံးခုမှာ လက်နက်ခဲယမ်းနှင့် စစ်လက်နက်ပစ္စည်းများ၊ လေယာဥ်ဆီများကို ဖြတ်တောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရန်၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ထိတွေ့ရန်၊ နယ်စပ်ဖြတ်ကျော်နည်းလမ်းများဖြင့် လူသားချင်းစာနာမှုအကူအညီများပေးရန် အချက်များ ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြန်လည်ဆွေးနွေးခဲ့ပြီး ကြိုဆိုထောက်ခံကြောင်း ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခကာလအတွင်း အရပ်သားပြည်သူများအပေါ် လူ့အခွင်းအရေးချိုးဖောက်မှုများကို မလုပ်ဆောင်ဘဲ လေးစားကာကွယ်ပေးရန် တောင်းဆိုချက်ကို NUG အနေဖြင့် အထူးလေးစားလိုက်နာမည်ဟု ထပ်လောင်းကတိပြုကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သတင်း

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသည်အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ ကြား၌ အမြဲလူးသာလွန်သာအောင် ကြိုးစားရသည့် အခြေအနေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးကာ နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာကို အထူးလေးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ကို အိန္ဒိယ အစိုးရက ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဒုက္ခကြုံနေရသည့်ရှိ အခြေအနေများတွင် ပြည်သူကို ကူညီရန် မစဉ်းစားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ထက်ပိုလုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Facebook