close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ် မီးတင်ရှို့

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သုံးဆယ်ပေးရွာဟာ ဧရာဝတီမြစ်ဘေးမှာ တည်ရှိပြီး မန္တလေး မြို့ပေါ်နဲ့တော့ ၁၀ မိုင်ကျော်ဝေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွာမှာ စက်တင်ဘာလ ၂၁ ရက်မနက်ပိုင်းကတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီက ရွာ မှာ PDF တွေ ခိုအောင်းနေတာလို့စွပ်စွဲထားပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် သုံးဆယ်ပေးရွာ ကိုစစ်ကောင်စီတပ်က စီနင်းခဲ့သလို အနီးတဝိုက်မှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးတင်ရှို့သွားတာ ဘာမှကိုမကျန်ဘူး”လို့ သုံးဆယ်ပေးရွာ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

မီးတင်ရှို့ခံရတဲ့ရွာတွေဟာ သုံးဆယ်ပေးရွာအပါအဝင် ကုန်းတန်းကြီး ၊ ကုန်းတန်းလေး ၊ ဆူးလေကုန်းရွာ တွေဖြစ်ပြီး ဧရာဝတီမြစ်ဘေးမှာ တည်ရှိကြတာပါ၊

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးပြီး ရွာမီးရှို့တဲ့ရန်ကြောင့် လူဦးရေ တစ်ထောင်နီးပါး စစ်ရှောင်နေရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က သုံးဆယ်ပေးရွာမှာ တပ်အထိုင်ချထားတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦးထက်မည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မိထက်/People’s Spring ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို ယနေ့(စက်တင်ဘာလ ၂၆ ရက်) နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ က​​လေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိသွားသည်။ စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမ နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို...

သတင်း

မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

Facebook