close
Connect with us

Hi, what are you looking for?

သတင်း

TNLAထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီအား NUCC သတိပေး

ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် တအာင်းတပ်မတော်(TNLA)ထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(သြဂုတ် ၃၁ရက်) ထုတ်ပြန်သည်။

“ဒီလိုမျိုးဆက်ပြီး စစ်တပ်ဘက်ကနေ ကူညီတဲ့ ပုံသဏ္ဍန်မျိုးလုပ်နေမယ်ဆိုရင် မြန်မာပြည်သူ လူထုအတွင်းမှာ တရုတ်မုန်းတီးရေးစိတ်ဓာတ်က ပိုမိုပြီးကြီးထွားလာလိမ့်မယ်”

− NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်

အီယိုရီ/People’s Spring

ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် တအာင်းတပ်မတော်(TNLA)ထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(သြဂုတ် ၃၁ရက်) ထုတ်ပြန်သည်။

တရုတ်နိုင်ငံ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီ၏ စာမှာ အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ်မတော် အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတာ အကြမ်းဖက်စစ်အုပ်စုက ပိုင်တာမှ မဟုတ်တာဗျ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တရုတ်က ပိုင်တာလည်း မဟုတ်ဘူးလေ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးကပဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပိုင်တာဗျာ။ အဲဒီလိုအခြေအနေမျိုးမှာ တရုတ်က မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ပိုင်တဲ့ အချုပ်အခြာအာဏာကို ဒီလို ထိပါး စော်ကားတဲ့ လုပ်ရပ်မျိုးတွေကတော့ ဘယ်လိုမှ လက်ခံလို့ မရဘူး။ အဲဒါကြောင့်ပဲ ဒီ statement ကို ထုတ်ပြန်တာ ဖြစ်တယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

ထို့အပြင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆိုသည်မှာ တရုတ်အစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် လုပ်ရမည်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုနှင့် ချစ်ကြည်ရင်းနှီးအောင်လုပ်ရမည်ဖြစ်ကြောင်း အထက်ပါ NUCC အဖွဲ့ဝင်က ထောက်ပြသည်။

“စစ်တပ်ရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့ အကျိုးစီးပွား ဒီလိုမျိုး အကျိုးစီးပွားချင်း ပေါင်းစပ်ပြီးတော့ ဒီလိုမျိုးဆက်ပြီး စစ်တပ်ဘက်ကနေ ကူညီတဲ့ ပုံသဏ္ဍန်မျိုးလုပ်နေမယ်ဆိုရင် မြန်မာပြည်သူလူထုအတွင်းမှာ တရုတ်မုန်းတီးရေးစိတ်ဓာတ်က ပိုမိုပြီး ကြီးထွားလာလိမ့်မယ်။ ပိုမိုကြီးထွားလာရင် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေ တိုက်ရိုက်ခြိမ်းခြောက်တာမျိုးတွေအထိ ဖြစ်လာလိမ့်မယ်။ ဒီလိုမျိုးဆိုရင် တရုတ်အတွက်လည်း အကျိုးရှိမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံပြည်သူလူထုကို စာနာနာလည်းပါ။ မြန်မာနိုင်ငံ ပြည်သူလူထုနဲ့အတူ ရပ်တည်

ပါ။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်ပါလို့ ပြောချင်ပါတယ်” ဟု ဦးတိုးကျော်လှိုင်က တိုက်တွန်းအကြံပြုသည်။

သြဂုတ် ၂၉ ရက်စွဲဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့လုံခြုံရေးကော်မတီက တအာင်းတပ်မတော်(TNLA)အား စစ်ပွဲများရပ်တန့်ရန် ဖိအားပေးခြိမ်းခြောက်စာတစ်စောင် ပေးပို့ခဲ့ရာ စာနှင့်ပတ်သက်၍ TNLA က လက်ခံရရှိကြောင်း ယမန်နေ့(သြဂုတ် ၃၀ရက်)တွင် အတည်ပြုခဲ့သည်။ ယနေ့(သြဂုတ် ၃၁ရက်)တွင်လည်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက TNLA ထံပေးပို့သည့်စာနှင့်ပတ်သက်၍ ငြင်းဆိုခြင်းမပြုဘဲ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

စာပါအချက်အလက်များအရ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ရိုင်းပျစော်ကားသည့် အသုံးအနှုန်းများဖြင့် ရေးသားထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

TNLA ထံ စာပေးပို့ခဲ့သော ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ လူမျိုးများ၊ ပြည်သူများ အပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန်လည်း NUCC က တိုက်တွန်းသည်။

မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူများဖြစ်ပြီး စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ်ကြောင်း အသိပေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုးပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်းလည်း NUCC က အကြံပြုတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်း ၈၅ထုပ်ကြဲချဖြည့်တင်းဟု TNLAအသိပေး

သတင်း

တရုတ်ခြိမ်းခြောက်စာအပေါ် TNLA ဗဟိုကော်မတီဆွေးနွေးနေပြီး တုံ့ပြန်ခြင်းမရှိသေး