close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​​ကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ ၅/ဆလက လူထုသပိတ်စစ်ကြောင်းက ပြည်သူတွေ ၊ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုက ဦးဆောင်ကာ (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက “Our Ambassador Myanmars Voice” ၊ “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေ ကိုင်ဆောင်ပြီး မြန်မာပြည်သူလူထုကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် စျေးတစ်ခုမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေနဲ့ လူငယ့်အားမာန်သပိတ်ကော်မတီဝင်တွေ ပူးပေါင်းကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက မြန်မာပြည်ရဲ့ ကိုယ်စားပြုဖြစ်တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကမ္ဘာကုလသမဂ္ဂစင်မြင့်ထက်မှာ ဆက်လက်နေရာရရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့ပြီး ဦးကျော်မိုးထွန်းရုပ်ပုံပါ တီရှပ်တွေဝတ်ဆင် ချီတက်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ လူငယ့်အားမာန်သပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခု၌ သပိတ်အင်အားစုနှင့် တော်လှန်ပြည်သူများကသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး ဆန္ဒပြတောင်းဆိုမှုကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၇)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် ဒီကနေ့ (စက်တင်ဘာ ၂၅) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Trending

Facebook