သုည/People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခု၌ သပိတ်အင်အားစုနှင့် တော်လှန်ပြည်သူများကသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး ဆန္ဒပြတောင်းဆိုမှုကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။
အဆိုပါ တော်လှန်ပြည်သူများက မြန်မာပြည်သူများ၏ ကိုယ်စားပြုဖြစ်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာကုလသမဂ္ဂတွင် ဆက်လက်နေရာထားရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး ဦးကျော်မိုးထွန်း၏ရုပ်ပုံပါ တီရှပ်များဝတ်ဆင် ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒပြသပိတ်ကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်များနှင့် လူငယ့်အားမာန်သပိတ်ကော်မတီဝင်များ ပူးပေါင်းချီတက်ဆန္ဒပြခဲ့ကြပြီး စျေးသူ၊စျေးသား ပြည်သူများက ပူးပေါင်းဝန်းရံခဲ့ကြသည်။
ဓာတ်ပုံ – လူငယ့်အားမာန်သပိတ်စစ်ကြောင်း