close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ပိုက်လိုင်းစောင့် ပြည်သူ့စစ်တစ်ဦး ​အသတ်ခံရ

မကွေးတိုင်း၊အမ်း-ပဒါန်းလမ်းမပေါ်တွင်တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီခန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော် ​သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က​ပြောသည်။

မြန်မာ-တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းဖြတ်သန်းရာပြ​မြေပုံ (REUTERS)

စောနွေဦး/People’s Spring

မကွေးတိုင်း၊အမ်း-ပဒါန်းလမ်းမပေါ်တွင်တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီခန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော် ​သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က​ပြောသည်။

အဆိုပါဦးဖိုးကျော်ကို စက်တင်ဘာ ၂၇ ရက်မနက်ပိုင်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး အမ်း-ပဒါန်းလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဂုတ်ကြီးရွာက ပျူစောထီးခေါင်းဆောင်လေ၊ ရွာအနားက (၃) မိုင်မှာရှိတဲ့တရုတ်ပိုက်လိုင်းစောင့်ရှောက်ဖို့ စစ်တပ်က သူကိုတာဝန်ပေးထားတာလို့ပြောတယ်။ အဲ့ဒီမနက်ပိုင်း ဆိုင်ကယ်စီးရင်း ပစ်သတ်ခံလိုက်ရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဦးဖိုးကျော်သည် အသက် ၄၈ နှစ်ရှိပြီး စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီခန့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အဆိုပါကျေးရွာသားတစ်ဦးကပြောသည်။ ထိုပစ်ခတ်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကိုမူ မသိရ​သေးသလို သတင်းထုတ်ပြန်ခြင်းလည်းမရှိသေးပေ။

ဦးဖိုးကျော်သည် စစ်ကောင်စီတပ်က ထုတ်ပေးသည့် ပစ္စတိုတစ်လက်ကိုင်ဆောင်ထားပြီး စစ်ကောင်စီနှင့်ပူးပေါင်းက ကျေးရွာပြည်သူလူထုကို ဖမ်းဆီးနှိမ့်စက်မှုများဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာတွင် ကျေးရွာလုံခြုံရေးကိစ္စရပ်များတွင် တက်ကြွစွာ လုပ်ဆောင်သူတစ်ဦး နှင့် သမီးဖြစ်သူကိုပါ ကာကွယ်ရေးတပ်များက ပစ်သတ်သွားသည်ဟု ဝါဒဖြန့်နေကြသည်။

ဆက်စပ်သတင်းများ