close
Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာပျူခေါင်းဆောင်အိမ်ကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေတိုက်ခိုက်၊ပျူ ၅ ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေ ကိုတွေ့ရစဥ်။ ဓာတ်ပုံ-ငါးပြေမပြောက်ကျားတပ်ဖွဲ့

​သေနတ် ၈ လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိ

စက်တင်ဘာ-၄၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်မနက် ၅ နာရီခန့်ကနတ်မောက်မြို့နယ်၊တက်ဝန်ကျေးရွာက ပျုစောထီးခေါင်းဆောင်ဘိုထွန်းနဲ့ ပျူစောထီးတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဟာ မိနစ် ၄၀ ခန့် ကြာခဲ့ပြီး ပျူခေါင်းဆောင် ဘိုထွန်းအပါအဝင် ပျူစောထီး ၅ ဦး သေဆုံးတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် ပျူစောထီးတွေရဲ့ ကားတစ်စီးပျက်စီးကာPoint 22လက်လုပ် ပစ္စတို ၁ လက်၊ M1 ကာဘိုင် ၅ လက်၊ ပြောင်းချောသေနတ် ၂ လက်၊ ကာဘိုင်ကျည် ၉၅ တောင့်၊ ပြောင်းချောကျည် ၃၀တောင့် ၊လက်ပစ်ဗုံး ၂ လုံး၊ ငွေသားတစ်သိန်းကျပ်၊ စစ်ဝတ်တန်ဆာများ၊ ဖုန်း ၄ လုံးနဲ့ စစ်မှုထမ်းစာအုပ်တစ်အုပ် သိမ်းဆည်းရရှိခဲ့တယ်လို့ အထက်ပါအဖွဲ့က ထပ်မံအသိပေးပါတယ်။

စစ်ဆင်ရေးကို သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းရဲ့ မြေပြန့်ကျားတပ်ခွဲက ဦးဆောင်ပြီး ရေနံချောင်း ပ၊က၊ဖ ၊မင်းဘူးခရိုင်စစ်ဌာန ပြည်သူလုံခြုံရေးတပ်ဖွဲ့၊Chauk Revolutionary Army(CRA)နဲ့ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ငါးပြေမပြောက်ကျားတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်မှာလည်း တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဩဂုတ် ၂၄ ရက်ညက လဲဘူးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ် ၃၀ ရက်မှာလည်း နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာနဲ့ ဖတ်တောရေကျေးရွာကြားကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စ​က်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်လို့ အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူမှာ နေရာတင်သေဆုံးပြီး ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မော်လိုက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များပိတ်ဆို့ထားသည့်တောင်းအင်စခန်းမှစစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးသည် ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ဘက်ပူးပေါင်းပြီး အလင်းဝင်လာတယ်လို့ Chauk Revolution Army-CRA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ တောင်သူလုပ်နေတဲ့ သားအဖနှစ်ယောက် ဗုံးထိပြီး သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ဖျာလုပ်ငန်းတွေလုပ်တယ်။