Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်

အဆိုပါ ရွှေနံသာရပ်ကွက် V4 လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲတွင် နေပြည်တော်(ပ.က.ဖ)ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(နေပြည်တော်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(နေပြည်တော်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ပြောသည်။

အဆိုပါ ရွှေနံသာရပ်ကွက် V4 လမ်းဆုံ စစ်ဆေးရေးဂိတ်အား ဒီဇင်ဘာ ၁၉ ရက် ည ၁၀နာရီခွဲတွင် နေပြည်တော်(ပ.က.ဖ)ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အတွင်းသို့ တော်လှန်ရေးရဲဘော်များက လက်ပစ်ဗုံးနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း တစ်လုံးသာပေါက်ကွဲမှုရှိခဲ့ကြောင်း နေပြည်တော်(ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

“ထိခိုက်ဒဏ်ရာရရှိမှုအား မသိရှိရေသးပါ။ ဖုန်းလိုင်းအခြေနေကြောင့် သတင်းအား နောက်ကျမှတင်ရခြင်းအတွက်နားလည်ပေးနိုင်ကြပါစေ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

သတင်း

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

သတင်း

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် - ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။