close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချက်နိုင်ငံက ဓာတုစက်ရုံထဲမှာရှိတဲ့ ဒုတိယ ကမ္ဘာစစ် လက်ကျန်ဗုံးကို ထိန်းချုပ်ဖောက်ခွဲ

ဓာတုစက်ရုံ တစ်ခုရဲ့ ပရဝုဏ်ထဲမှာ ကြွင်းကျန်နေတဲ့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို ချက်နိုင်ငံမှာ ဗုံးကျွမ်းကျင်သူတွေက အောင်မြင်စွာ ထိန်းချုပ် ဖောက်ခွဲနိုင်ခဲ့ပါတယ်။

အဲဒီ စစ်လက်နက် အကြွင်းအကျန်ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရှာတွေ့ခဲ့တာ ဖြစ်ပြီး ဩဂုတ် ၃၀ မှာတော့ စနစ်တကျ ထိန်းချုပ် ဖောက်ခွဲပြီး ဖျက်ဆီးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ မစ်ရှင်ဟာ အတော်လေး စွန့်စားရပြီး သတိကြီးကြီး ကိုင်တွယ်ခဲ့ရတဲ့ အခြေအနေမျိုးလို့လည်း ဆိုပါတယ်။ ပိုလန် ရေနံကုမ္ပဏီ PKN Orlenက ပိုင်ဆိုင်ပြီး ချက်နိုင်ငံရဲ့ လစ်ဗီနော့ဗ် မြို့ထဲမှာ တည်ဆောက်ထားတဲ့ ဓာတုစက်ရုံမှာ ပေါက်ကွဲမှု အရှိန်ကြောင့် ပြတင်းပေါက်တချို့ ကွဲထွက်သွားပေမယ့် တခြားကြီးမားတဲ့ ထိခိုက်မှု၊ ယိုစိမ့်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၁ ရက်နေ့တုန်းက စက်ရုံဝင်းထဲမှာ ချဲ့ထွင်တည်ဆောက်မှု အစီအစဉ်တွေ လုပ်နေရင်း အဲဒီ မပေါက်ကွဲသေးတဲ့ ဗုံးကြီးကို အမှတ်မထင် ရှာတွေ့ခဲ့ကြတာပါ။ ပေါင် ၅၅၀ လေးလံတဲ့ ဗုံးကြီးကို တခြား ဘေးကင်းလုံခြုံမယ့် နေရာဆီ ရွှေ့ပြောင်းပြီး ဖောက်ခွဲတာမျိုး မလုပ်တော့ဘဲ အဲဒီနေရာမှာ ထိန်းချုပ်ဖောက်ခွဲတာ ပိုသင့်တော်မယ်လို့ ဗုံးကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့ပါတယ်။

ချက်နိုင်ငံမှာတော့ အခုလို ပမာဏ ကြီးမားတဲ့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးမျိုး ရှာတွေ့တာဟာ ရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

ဖောက်ခွဲရေး အဖွဲ့တွေဟာ ဗုံးကို ထိန်းချုပ် ဖောက်ခွဲတဲ့ အခါမှာ စက်ရုံရဲ့ အန္တရာယ်ရှိလောက်တဲ့ အစိတ်အပိုင်းတွေအပေါ် သက်ရောက်တာမျိုး မဖြစ်အောင် သတိကြီးကြီးနဲ့ စဉ်းစား တွက်ချက်ခဲ့ရပါတယ်။ ဖောက်ခွဲမယ့်နေ့မှာ ဗုံးအပေါ်ကနေ ရာနဲ့ချီ များပြားတဲ့ သဲအိတ်တွေကို ဖိထားခဲ့ပြီး ရဲတွေကလည်း ၂ ကီလိုမီတာ ပတ်ဝန်းကျင်မှာ အသွားအလာ တားမြစ်ပြီး လမ်းရှင်းထားခဲ့ပါတယ်။

အခုဗုံးကြီးကို ရှာတွေ့ခဲ့တဲ့ နေရာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီ ဂျာမနီ ထိန်းချုပ်ခဲ့တဲ့ ချက်ကိုဆလိုဗက်ဇ် ဒေသထဲမှာ ပါဝင်ခဲ့ပြီး စက်ရုံနေရာမှာ နာဇီတပ်တွေအတွက် လောင်စာဆီ သန့်စင် ချက်လုပ်ပေးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ဗြိတိန် တော်ဝင်လေတပ်ဟာ အဲဒီနေရာကို ပစ်မှတ်ထားပြီး မကြာခဏ ဗုံးတွေ ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP⁩

ဆက်စပ်သတင်းများ

Facebook