close
Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများသွားလာပတ်သက်ခြင်းမပြုရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ သတိပေး

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား အရှိန်အဟုန်ဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သွားလာပတ်သက်ခြင်းမပြုကြရန် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ လူပုဂ္ဂိုလ်များအား အရှိန်အဟုန်ဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် သွားလာပတ်သက်ခြင်းမပြုကြရန် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

ချောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသော စစ်သား၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် ရုံးများ၊ ရဲကင်းဂိတ်များ၊ စစ်ကောင်စီထောက်တိုင်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ အဆိုပါနေရာဌာနများ၊ လူပုဂ္ဂိုလ်များနှင့် သွားလာပတ်သက်ခြင်းမပြုကြရန် ချောက်မြို့နယ်အခြေစိုက် Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတိပေးချက်အားမလိုက်နာပါက အကျိုးဆက်များအားတာဝန်ယူမည်မဟုတ်ဟု Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“ချောက်မြို့နယ် တကြောလုံးကို စိုးမိုးနယ်မြေလုပ်ဆောင်ဖို့အတွက်ရယ် ပြည်သူအများကိုညှင်းပန်းနှိပ်စက်နေတဲ့ အာဏာသိမ်းစကစရဲ့အာဏာရှင်စနစ်ကိုအမြစ်ပါမကျန် အရှိန်မြှင့်ပြီး‌တိုက်ခိုက်သွားဖို့ပါ။”ဟု Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဥဩကပြောသည်။

ယခုလက်ရှိတွင် ချောက်မြို့အား ဝါဇီတပ်မှဆင်း၍ အင်အားအများအပြားဖြင့် လုံခြုံရေးချထားပြီး ခုခံစစ်အတွက် အခိုင်အမာပြင်ဆင်ထားကြောင်း၊ ထို့အပြင် ကုန်းကြီးပျူစောထီးရွာကိုလည်း လုံခြုံရေးတိုးမြှင့်ပေးထားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ချောက်မြို့နယ်သည် မကွေးတိုင်းရှိ စစ်ရေးပြင်းထန်နေသော ဆိပ်ဖြူ၊ ပခုက္ကူမြို့နယ်များနှင့်လည်း နယ်မြေချင်း ထိဆက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူလူထုနေအိမ်ပျက်စီး၊ မင်းတပ်(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာပစ္စည်းထုပ်များ ထပ်မံ ဖြည့်တည်း

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယနေ့ညပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

Facebook