close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်းကပြည်သူတွေ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၃၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၃၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြောင်မြို့နယ် လူထုသပိတ်တွေပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် လူထုဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ် လူထုသပိတ်စစ်ကြောင်း ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ချီတက်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်းတစ်နေရာ၌ လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၇ လအတွင်း ပြည်သူ ၄၂ဝ ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook