Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီးအပါအဝင် Non CDM အရာရှိရှစ်ဦးကို CDFက မြို့မှနှင်ထုတ်

ပြည်သူနှင့်အချိန်မီ ပူးပေါင်းရန်နှင့်ပူပေါင်းခြင်းမရှိပါက ပြင်းထန်စွာဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကန်ပက်လက် CDFက ဇွန်လ၅ ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေညာထားသည်။

ကန်ပက်လက်မြို့နယ်
ကန်ပက်လက်မြို့နယ်

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီးအပါအဝင် Non CDM အရာရှိရှစ်ဦးကို ကန်ပက်လက် CDFက မြို့မှ နှင်ထုတ်လိုက်ပြီး ကျန်နေသေးသည့် စစ်ကောင်စီ ​ထောက်တိုင်များကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကြေညာထားသည်။

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဗန်တိုး၊ ခေါနူးသုမ်အမျိုးသားဥယျာဉ်တောအုပ် ဦးထွန်းတင်၊ အလယ်တန်းကျောင်း အုပ် ဦးအေးမောင်၊ မြို့နယ်ပညာရေးရုံးမှ စာရေး ဒေါ်အွမ်ရောင်၊ အလယ်တန်းပြဆရာ ဦးရွှီးလိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒေါ်သူဇာအေးနှင့် ဒေါ်ရှင်းကီးလိန်းတို့ကို မြို့မှ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို CDFက အရင်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ အခု နှင်ထုတ်လိုက်တာ။ CDF လုပ်ရပ်ကို ကျွန်တော်တို့ မြို့ခံတွေကြိုဆိုတယ်”ဟု စစ်ကောင်စီကို တော်လှန်လှုပ်ရှားနေသည့် ကန်ပက်လက်မြို့ခံ တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အရှက်မဲ့စွာ တာဝန်ထမ်းဆောင်ခြင်း၊ Non-CDM များ၏ လစာငွေရရှိနိုင်ရေးနှင့် ပြည်သူ့ သူရဲကောင်းများဖြစ်ကြသော CDMer များကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်သွေးဆောင်သော ပုဂ္ဂိုလ်ရှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းကာ သင့်လျှော်သော အပြစ်ပေးအရေးယူခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။

၎င်းတို့ရှစ်ဦး၏ ထွက်ဆိုချက်အရ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ဘဏ္ဍာ ငွေခိုးထုတ်နေသူများ၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူ့ဘဏ္ဍာငွေအား အလွဲသုံးစား ပြုလုပ်နေသူများ၏ အမည်စာရင်းများကို တိကျခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူနှင့်အချိန်မီ ပူးပေါင်းရန်နှင့်ပူပေါင်းခြင်းမရှိပါက ပြင်းထန်စွာဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကန်ပက်လက် CDFက ဇွန်လ၅ ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုမရှိစေရေးနှင့် အကြမ်းဖက်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် Non-CDM များအား တရားစီရင်ရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

သတင်း

"ကျွန်တော်တို့ သတင်းရတယ်ဆိုတာနဲ့ စကစတွေရဲ့ကားဟုတ်၊မဟုတ် အသေအချာစိစစ်ပြီး သေချာပြီဆိုမှ အခုလိုဆွဲလိုက်ပါ"ဟု FRF(CHU)၏တာဝန်ခံ ဗိုလ်ဒေါင်းမင်းက ပြောသည်။

သတင်း

ချင်းပြည်နယ် မတူပီ မြို့ပေါ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားမည့် ပညာရေးတွင် ပူးပေါင်း ပါဝင်ပတ်သက်မှုမရှိစေရန် မတူပီမြို့နယ်ရှိ ပညာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို မတူပီ CDFက အသိပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။