Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားချိန်မှာအန္တရာယ်ရှိတဲ့အခြေအနေတွေ ရင်ဆိုင်နေရ

စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်
စစ်ဘေးရှောင်

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာပြည်အရှေ့တောင်ပိုင်းက မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကျဆင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) အစီရင်ခံစာကနေ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့တဲ့ဝန်ဆောင်မှုတွေကို စစ်ကောင်စီ ကြီးမားစွာဖြတ်တောက်လိုက်တဲ့အတွက် တိုင်းရင်းသားဒေသက ကျေးရွာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့အဓိကပစ်မှတ်ဖြစ်လာတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနည်းငယ်သာရရှိထားတဲ့ ကျေးလက်ဒေသတွေမှာ လှုပ်ရှားမှုတွေလျော့နည်းလာပြီး စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးဝန်ထမ်းမရှိပါက ကျန်းမာရေးစောင့်ရှောက်မှုမရရှိနိုင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားမှုအတွက် အကူအညီပေးနိုင်တဲ့ ကျန်းမာရေးလုပ်သားတွေမရှိသလို စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးပစ္စည်းတွေကို လက်လှမ်းမမှီနိုင်တဲ့အတွက် နောက်ဆက်တွဲရလဒ်အနေနဲ့ ရွာသားတွေတချို့ သေဆုံးရတာတွေရှိတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေမှာ ကျေးရွာအတွင်နေထိုင်ခြင်းက လုံခြုံမှုမရှိပေမယ့် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိပဲ သူတို့အနေနဲ့ ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးအခက်အခဲတွေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နမ်းခမ်းရွာအနီးတွင် ဇွန်လ ၅ ရက် ညနေပိုင်းကဖြစ်ပွားသော ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်(ဝန်းသို)မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းလည်း WR Team က အသိပေးသည်။

သတင်း

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သတင်း

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

အခုနှစ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး ဒေသခံတွေထိခိုက်သေဆုံးခဲ့ကြရကာ နေအိမ်အဆောက်အဦးတွေ၊ ကျောင်းတွေ ဆေးခန်းတွေ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် စစ်ဘေးရှောင်ဦးရေကလည်း ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။