Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်တိုက်ပွဲပြန်ဖြစ်

” စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်” ဟု၎င်းက​ပြောသည်။

(စစ်အုပ်စု အာဏာမသိမ်းခင်က ဖားကန့်မြို့တစ်​​နေရာ။ဓါတ်ပုံ-CJ)
(စစ်အုပ်စု အာဏာမသိမ်းခင်က ဖားကန့်မြို့တစ်​​နေရာ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ယနေ့ည တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ​ကြောင်းဒေသခံများကပြောသည်။

ယနေ့(ဒီဇင်လာလ ၂၃ရက်) ည၁၀ နာရီမှစ၍ သေနတ်ပစ်ခတ်သံများကြားရပြီး ယခုသတင်းရေးသားချိန် ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်နေ​​ကြောင်းဒေသခံတစ်ဦးကပြောသည်။ စစ်​ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA နှင့် PDFတို့က သွား​ရောက်တိုက်ခိုက်ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

” စ,စချင်း သေနတ်သံအရင်ကြားတာ။ နောက်တော့လုံးခင်းထောင်ဘက်ကနေစစ်ကောင်စီကလက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်” ဟု၎င်းက​ပြောသည်။

KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြားဒီဇင်ဘာလ ၆ရက်နှင့် ၇ ရက်တွင် ဖားကန့်၌ တိုက်ပွဲဖြစ်ပွားပြီး ငြိမ်သက်နေခဲ့ရာမှ ယ​​နေ့ညတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

You May Also Like

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။

သတင်း

ကော့ကရိတ် အခြေစိုက်ခလရ(၂၃၁) တပ်ရင်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်များက ထိုးစစ် ဆင်ရာမှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ကော့ကရိတ်နှင့် ကော့နွဲ့ကြား၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။

သတင်း

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။