Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ခေါင်းဆောင်သစ်များ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း ဗြိတိန်သံရုံးပြော

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

(KNU တပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်သစ်များအနေဖြင့် မြန်မာနိုင်ငံအား ပြည်သူအားလုံးပိုမိုပါဝင်သော ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် KNU ညီလာခံပြီးမြောက်ခြင်းအတွက် ဗြိတိန်သံရုံးက ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

KNU ညီလာခံက ရွေးချယ်လိုက်သည့် အလုပ်အမှုဆောင်ကော်မတီဝင်အသစ်များ ကျန်းမာပါစေဟုလည်း ဆန္ဒပြုခဲ့သည်။

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

စစ်ရေးအခြေအနေများ ပို၍ ပြင်းထန်လာနိုင်သောကြောင့် နိုင်ငံတကာအနေဖြင့်လည်း ဒုက္ခရောက်နေသည့် မြန်မာလူထုအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပံ့ပိုးပေးရေးများစွာ ထည့်သွင်းစဉ်းစားပေးရန် ပဒိုစောကလယ်စေးက ပြောကြားခဲ့သည်။