close
Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအစပ်တိုက်ပွဲထပ်ဖြစ် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ထိခိုက်သေဆုံးများ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပဲခူးရိုးမ အစပ် သြဂုတ် ၂၄ ရက်က ​ရေငန်ရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် PDF များ။ ဓါတ်ပုံ-NUG-MOD

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၂၇ညနေပိုင်းက လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုရွာနှင့် ရေငံရွာများကို ဝင်ရောက်ကာ နေအိမ်များကိုဖျက်ဆီး၍ ပဲခူးရိုးမအစပ်သို့ရောက်လာသော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲချိန် ၁ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်း မှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးသည်ဟု ကနဦးသတင်းရရှိကြောင်း တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ဆက်ပြောသည်။

“စကစတွေဘက်ကတော့ အသေအပျောက်များတယ်။ ဒါပေမဲ့ ဒရုန်းနဲ့ ဗုံးတွေကြဲတာရော လက်နက်ကြီးပစ်ကူပေးတာကြောင့်ရော အ လောင်းပုံတွေတော့ မှတ်တမ်းမယူလိုက်နိုင်ဘူး။ လက်နက်တွေတောင် မကောက်လိုက်ရဘူး”ဟု ၎င်းက ရှင်းပြသည်။

ပဲခူးရိုးမ အစပ် သြဂုတ် ၂၄ ရက်က ​ရေငန်ရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ PDF များနှင့် စစ်သုံ့ပန်းများ။ ဓါတ်ပုံ-NUG-MOD

ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ဒရုန်းနှင့် လက် နက်ကြီးပစ်ကူများကြောင့် ပြန် လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် သြဂုတ် ၂၄ ရက်ကလည်း ရေငံရွာအနီး တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် ၂၀ ကျော်သေ၍ ၁၀ ဦးအရှင်ဖမ်းခံရခဲ့ပြီး ​လက်နက်မျိုးစုံ အလက် ၃၀ ​ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG )ကာကွယ်​ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်မှ​သေဆုံးသူများတွင် အရာရှိ(၅) ဦး ပါဝင်ပြီး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦးနှင့် ဒုရဲအုပ်အဆင့် (၂) ဦး တို့ ဖြစ်သည်ဟု​ဖော်ပြထားသည်။ထို စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်စစ်တပ်စစ်​ကြောင်းမှ အထိနာသွားသဖြင့်ပြန်ဆုတ်သွားပြီး​နောက်အင်အားများထပ်မံဖြည့်တင်းကာ ရိုးမအနီးရှိ အုတ်ဖိုစု၊ ရေငံအပါအဝင် ကျေးရွာအချို့ကိုဝင်ရောက်စစ်ကြောင်းထိုးလျှက်ရှိသည်။

ထို​နောက်တိုက်ပွဲဖြစ်ပွားရာအနီးမှ အုတ်ဖိုစုရွာနှင့် ရေငံရွာမှနေအိမ်များကိုသြဂုတ် ၂၇မနက်ပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် အုတ်ဖိုစုရွာဘုန်းကြီးကျောင်းမှခန်းနေဦးဇင်းတစ်ပါးကို လက်ပြန်ကြိုးတပ်ဖမ်း ဆီးကာ ဒေသခံပြည်သူအချို့ကိုလည်း ဓား စာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန က စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားနယ်မြေရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်တပ်က ပြည်သူနှစ်ဦးကို PDFဟုစွပ်စွဲသတ်ဖြတ်

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော် - ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီက ဝင်ရောက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

Facebook