close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့၌ “တပ်ပျက်နေပြီ”ဟု ကြွေးကြော်ကာ လူငယ်များဆန္ဒပြ

ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ “တပ်ပျက်နေပြီ”ဟု ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုကို ယနေ့ (သြဂုတ် ၂၈) ညပိုင်းက ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - AJAY

သုည/People’s Spring

ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ “တပ်ပျက်နေပြီ”ဟု ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုကို ယနေ့ (သြဂုတ် ၂၈) ညပိုင်းက ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

တော်လှန်လူငယ်များက “ပြည်သူ့ရင်ခွင်ခိုလှုံမလား အာဏာရူးအတွက် အသက်စွန့်မလား” စာသားနှင့် မီးတုတ်များ ကိုင်ဆောင်ပြီး စစ်ကောင်စီဝင်များအား ပြည်သူ့ဘက်သို့ “အလံဖြူထောင်” ပူးပေါင်းရန်လည်း ဟစ်ကြွေး၍ သပိတ်တိုက်ပွဲကို ဖော်ဆောင်ခဲ့ကြသည်။

ထို့အပြင် “အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်ဆီးဖိနှိပ်နေသည့် အာဏာရူး မင်းအောင်လှိုင်အတွက် အသေမခံပဲ၊ ပြည်သူ့ဘက်သို့အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန်”လည်း သပိတ်အင်အားစုက တိုက်တွန်းစည်းရုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။

သတင်း

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(မခရ ၄၃၅ ၊၄၃၆)တပ်ရင်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့၏သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တနေရာရှိ အုတ်နံရံများပေါ်တွင် သပိတ်အင်အားစုလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ ရေးသား၍ ယနေ့ (သြဂုတ် ၂၂) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

Facebook