close
Connect with us

Hi, what are you looking for?

သတင်း

သံတွဲတွင် နောက်ဆုံးကျန်သည့် ​မောင်​ရွှေလေးရေတပ်စခန်းကို AAသိမ်းပိုက်

သံတွဲတမြို့လုံး AAလက်သို့ ကျရောက်

၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

ယောနသံ/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် နောက်ဆုံးကျန်ရှ်ိနေသည့် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်(AA)က ယနေ့(ဩဂုတ်လ ၂၈ရက်)၌ အပြီးသတ် တိုက်ခိုက်သိမ်းယူပြီးနောက် သံတွဲတမြို့လုံး AAလက်သို့ ကျရောက်ပြီဖြစ်သည်။

စစ်သင်္ဘောရှစ်စီးဖြင့် ခုခံနေသည့် ရေတပ်ကို AAက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

​စစ်​ကောင်စီ၏ မောင်​ရွှေ​လေး​ရေတပ်စခန်း မှ ​​ရေငုပ်တပ်ဖွဲ့ဝင်အချို့ (ပုံအ​ဟောင်း)

” မောင်ရွှေလေးတပ်ကို တပ်တော်(AA)က မနက်က ရတာပါ။အခု တိုက်ပွဲသံ မကြားရတော့ပါဘူး။နေ့လယ်ကအထိ စစ်တပ်က လေကြောင်း ပစ်တာတော့ ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်နေစဉ် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေကော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း AAက ဩဂုတ်လ ၂၆ရက်၌ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ နောက်ဆုံးအခြေနေကို သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဆုတ်ခွာထွက်ပြေးရန် ကမ်းထိုးယာဉ်ပင်မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပင်လယ်အတွင်း ရေကူးထွက်ပြေးနေကြောင်း စစ်ကောင်စီနဲ့လက်အောက်ခံ တယ်လီဂရမ် channelအချို့၌ ယနေ့ ညပိုင်းရေးသားထားကြသည်။

သံတွဲမြို့မှစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဧပြီလမှစတင်ကာ AAကတိုက်ခိုက်ခဲ့သည်။

၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

တိုက်ပွဲများအပြင်းအထန်ဖြစ်ခဲ့ပြီး သံတွံလေဆိပ်နှင့် စစ်ကောင်စီတပ်ရင်းများကို ပြီးခဲ့သည့် ဇွန်လ၌ သိမ်းယူနိုင်ခဲ့သည်။ မြို့ပေါ်ကိုလည်းထိန်းချုပ်ထားခဲ့သည်။ စစ်‌ကောင်စီက မောင်ရွှေလေးရေတပ်ကို အင်အားဖြည့်ပြီး ခုခံနေစဉ် ယခုအခါ AAက တိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်သည်။

( / ​၂၀၂၄ ​ဖေ​ဖော်ဝါရီလက ကျောက်တော်မြို့နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲအတွင်းစစ်တပ်သ​ဘော်များကို သိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-စစ်​ကောင်စီ /AA)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ဟာ မြန်မာနိုင်ငံ အနောက်ဖက်စွန်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် တစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ကြုံနေပြီလို့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

သတင်း

သံတွဲမြို့နယ်မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးတိုက်ပွဲဆက်ပြင်းထန်

သတင်း

မောင်တောမြို့သည် အာရက္ခတပ်တော်(AA)၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ကျရောက်တော့မည်ဖြစ်ပြီး မောင်တောမြို့ နှင့် ကျိန္တလီမြို့များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAကဩဂုတ်လ ၂၄ရက်ည၌ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်တွေကို တုံ့ပြန်ဖို့အတွက် ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့ (ARSA) နဲ့ ပူးပေါင်းခဲ့ကြောင်း တပ်အရာရှိ တစ်ဦးက အတည်ပြု ဝန်ခံခဲ့ပါတယ်။

Facebook