close
Connect with us

Hi, what are you looking for?

သတင်း

စကခ ၁၆မှူး ဗိုလ်မှူးချုပ်​သော်ဇင်အိမ်မှ ကျပ်သိန်း​ထောင်ချီတန်ဖိုးရှိသည့် အရက်ပုလင်း နှင့် ဝိုင်များကို​တော်လှန်​ရေးတပ်များသိမ်းဆည်းရရှိ

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် စစ်ကောင်စီ ၏ အမှတ် ၁၆ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆ ) မှူး ဗိုလ်မှူးချုပ် သော်ဇင်၏ နေအိမ်မှ ကျပ်သိန်းထောင်နှင့်ချီတန်ဖိုးရှိသည့် အရက် နှင့် ဝိုင် ပုလင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စကခ ၁၆ မှူး ဗိုလ်မှူးချုပ်​သော်ဇင် အိမ်မှ သိမ်းဆည်းရရှိ​သော တန်ဖိုးကြီး အရက်နှင့် ဝိုင်များ ။ ဓါတ်ပုံ- ခွန်သာဦး

ရဲခေါင်/People’s Spring

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် စစ်ကောင်စီ ၏ အမှတ် ၁၆ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆ ) မှူး ဗိုလ်မှူးချုပ် သော်ဇင်၏ နေအိမ်မှ ကျပ်သိန်းထောင်နှင့်ချီတန်ဖိုးရှိသည့် အရက် နှင့် ဝိုင် ပုလင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်​ရေးတွင် ပါဝင်တိုက်ခိုက်​ပေးနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်​သော ခွန်သာဦးက၎င်း၏ ​ဖေစ်ဘွခ် လူမှုကွန်ယက်စာမျက်နှာမှတဆင့် ​ရေးသား​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူကိုထမင်းတစ်နပ်လျှော့စားခိုင်းတဲ့တပ်မတော်စစ်ဗိုလ်ချုပ်တွေရဲ့အိမ်ကတန်ဖိုးကြီး ယမယာဂိုဒေါင် ( စကခ ၁၆ တပ်မဟာမှူးသော်ဇင်ဦး၏နေအိမ် )”ဟု ခွန်သာဦးက ရုပ်သံမှတ်တမ်း၌ အသိပေးထားသည်။

စကခ ၁၆ မှူး ဗိုလ်မှူးချုပ် သော်ဇင်သည် အခြား​သော စကခမှူး ၊ ဒကစ မှူး တို့နှင့် ​လောက်ကိုင်ဒကစ မှ စစ်သား​ နှင့်စစ်တပ် မိသားစု ဝင် စုစု​ပေါင်း ၄၀၀၀ ​​ကျော်တို့မှာ၂၀၂၄ ဇန်နဝါရီ ၄ ရက်တွင်လက်နက်ချခဲ့ခြင်းဖြစ်သည်။

“စစ် ​ေး လေးတွေ။မင်းတို့က ရှေ့တန်းမှာသေကြေပျက်စီးနေရတယ်။မင်းတို့ရဲ့ အဘ တွေ စစ်ခေါင်းဆောင်တွေက အကောင်းစားဝိုင် ကြီးတွေ၊တန်ဖိုးကြီးအရက်ကြီးတွေနဲ့ တကယ့်ကို အခွင့်ထူးခံဖြစ်နေတာ ဟုတ်လား။နည်းတာမဟုတ်ဘူး။လောကမှာဒီလိုအရက်မျိုးတွေလုံးဝ မသောက်ဘူးဖူး”ဟုရုပ်သံမှတ်တမ်းတွင် ၎င်းက ပြောသည်။

ထို့အပြင် ရုပ်သံဖိုင်၌ တွေ့ရသည့် အရေအတွက် ၅၀ ထက်မနည်းသည့်တမ်ဖိုးကြီး အရက်၊ဝိုင် များအနက် သိန်း ၈၀ တန် အရက်တစ်လုံးကို ဖော်ပြထားသည်။

“Royal Slute ပါတယ်။Louisv Cognac တွေ့ရတယ်။ ပြီးတော့ ပါကင်ဘူးတွေက ပြင်သစ်ဝိုင်တံဆိပ်တွေ ဖြစ်လိမ့်မယ်။အနည်းဆုံး ပုလင်းတွေက အခုဒေါ်လာစျေးနဲ့ဆို သိန်း ထောင် နဲ့ချီရှိတယ်”ဟု Liquor စတိုးဆိုင် ပိုင်ရှင်တစ်ဦးက ရုပ်သံမှတ်တမ်းနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။

ရုပ်သံမှတ်တမ်းတင်ထားသည့် ရဲဘော်ခွန်သာဦးထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

သိန္ဒီမြို့အခြေစိုက် စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် ​သော်ဇင်သည် ၁၀၂၇ စစ် ဆင်ရေး ပထမလှိုင်းတွင် လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ စစ်ခုံးရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က အသိပေးထားသည်။

လက်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၆ တပ်မဟာမှူးကို ဗိုလ်မှူးချုပ် ဇော်ငြိမ်းထိုက် ဖြင့် အစားထိုးခန့်အပ်ထား​ကြောင်းသိရသည်။

​လောက်ကိုင် ဒကစ တစ်ခုလုံးMNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွင် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို စစ်​ကောင်စီ၏ စစ်ခုံရုံးကပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို ချမှတ်ခဲ့ သည်။

ဗိုလ်မှူးချုပ် သော်ဇင် ဦး အပါအဝင် စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခ မှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကိုလည်း တာဝန် မကျေပွန်မှု၊ အထက် အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်ထားသည်။

ဆက်စပ်သတင်းများ

Facebook