close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၇ လအတွင်းပြည်သူ ၄၂ဝ ကျော်သေဆုံး

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၇ လအတွင်း ပြည်သူ ၄၂ဝ ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလအတွင်းက မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်း လမ်းဘေးကျေးရွာတစ်ရွာ၌ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသဖြင့်သယ်​ဆောင်​နေကြစဥ်။ ဓါတ်ပုံ-မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၇ လအတွင်း ပြည်သူ ၄၂ဝ ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်မှုများကြောင့် အရပ်သား ၄၉၉ ဦး သေဆုံးပြီး ၄၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ပြည်သူ ၄၂၈ ဦးမှာ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“မြေပြင်မှာတော့ အဲ့ဒီ ပမာဏထက် သေချာပေါက် ပိုများနိုင်ပါတယ်။ ဒီအချက်အလက်ကို ကြည့်ရင် စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုကို သိနိုင်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူကို ရန်သူလို သတ်မှတ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ သိသာထင်ရှားပါတယ်”ဟု မုံရွာလူထုသပိတ်တ်ုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။

ကျန်အရေအတွက်မှာ ပျူစောထီးများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အခြားတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုနှင့် တိုက်ပွဲဖြစ်ပွားချိန် ပစ်ခတ်မှုများ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကလေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း အစရှိသည့် ခရိုင်များသည် အခြားခရိုင်များထက် အရပ်သားသေဆုံးမှု သိသိသာသာများပြီး စုစုပေါင်း ၃၄၉ ဦး ရှိကြောင်း Data for Myanmar က ဆိုသည်။

စုစုပေါင်း အရပ်သားသေဆုံးမှု၏ ၉၅ ရာခိုင်နှုန်းသည် အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှု၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ကြောင်းData for Myanmar က ဆိုသည်။

“စစ်တပ်ရဲ့ ပြည်သူတွေအပေါ်လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို ကျူးလွန်သူရော တာဝန်ရှိသူတွေရော ဒီလုပ်ရပ် အပြစ်တွေကို အပြည့်ဝတာဝန်ယူခံစားစေရမယ် ပြောလိုပါတယ်” ဟု ရွှေဘိုခရိုင် ဗိုလ်ကျားရိုင်း LPDFအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Data for Myanmar ၏ ထုတ်ပြန်ချက်အရ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၀ ဦး ရှိခဲ့ပြီး အရပ်သားသေ​ဆုံးမှုများတွင် အသက် ၁၈ နှစ်အထက်အမျိုးသား ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေ့စေ့လစေ့ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ၎င်း၏ မိခင်တို့သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၊ အော်သာယာတောင်ပေါ်ရှိ စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းအား ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်တိုက်ခိုက်ကာ ဒရုန်းစစ် ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပုလော ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၇)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Facebook