close
Connect with us

Hi, what are you looking for?

သတင်း

KNUညောင်လေးပင်ခရိုင်အတွင်း ရေကြီးပြီး လယ်ဧကခြောက်သောင်းကျော် ရေနစ်မြှုပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

မူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့်စပါးခင်းနှင့် နေအိမ်များရေမြုပ်နေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း ရေဘေးကြုံရမှုကြောင့် စပါးခင်းထက်ဝက်ကျော်မှ စပါးပင်များသေဆုံးခဲ့ကြောင်း ခရိုင်လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး ပဒိုစောဟဲဂေက ပြောသည်။

ခရိုင်အတွင်း ရေဘေးအန္တရာယ် ကြုံတွေ့ရမှုနှင့်ပတ်သက်၍ အခက်အခဲရင်ဆိုင်နေရခြင်းအပေါ် ပဒိုစောဟဲဂေ၏ ပြောကြားချက်အား KNUဗဟို Facebookစာမျက်နှာမှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရေဘေးကို ရက်ရှည်ရင်ဆိုင်နေရသည့် ညောင်လေးပင်ခရိုင်ရှိ ပြည်သူအများစုသည် လယ်လုပ်သူများဖြစ်သည်ဟုဆိုသည်။ စာရင်းများအရ လယ်လုပ်သည့် ပြည်သူ ၈ထောင်ကျော်ရှိပြီး ဧက ၆၁,၇၀၀ ရှိကြောင်း၊ လယ်အများစု ရေနစ်ကုန်ပြီး စာရင်းအရ ဧက ၄၆,၇၀၀မှာ စပါးပင်ပါ သေဆုံးသည့် လယ်များဖြစ်ကြောင်း ခရိုင် လယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူးက ပြောသည်။

“လူပေါင်း ရှစ်ထောင်ကျော်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ရေတောင်မှ အကုန်မကျသေးဘူး။ ဒါတောင် ဒီလောက်စပါးတွေ သေကုန်ပြီ။ ဘယ်လောက်ဆက်ဖြစ်မလဲဆိုတာ က‌ တွေးစရာ ဖြစ်လာတယ်။ တဝက်ကျော်က သေကုန်ပြီ။ ကွင်းဆင်းပြီးကြည့်တဲ့အခါမှာ အချို့အပင်က ပုပ်ဆွေးကုန်ပြီ သုံးလို့ မရတော့ဘူး”ဟု ပဒိုစောဟဲဂေက ပြောသည်။

ခရိုင်အတွင်းရှိ လူဦးရေ ၂သိန်းကျော်သည် လယ်လုပ်ငန်း မှီခိုနေရသူများဖြစ်၍ စပါးပျက်စီးမှုကြောင့် အခက်အခဲများ ပိုများလာကြောင်းပြောသည်။

” အခုပုံစံအတိုင်းဆို လာမည့်နှစ်တွေမှာ အငတ်ဘေးဒုက္ခနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ပုံမှန်ဆို ပြည်သူတွေက စပါးစေ့အပိုကို ထားလေ့ရှိတယ်။ သို့သော်လည်း ဒီနှစ်မှာ မိုးလေဝသမမှန်ကန်သောကြောင့် နှစ်ကြိမ်၊ သုံးကြိမ် ကြဲရတဲ့အတွက် စပါးစေ့က ကုန်သွားတာတွေ ဖြစ်ကုန်တယ်။ ဒါကြောင့် သူတို့တွေက စပါးစေ့ထောက်ပံ့ပေးမည့်သူတွေ လိုအပ်နေပြီးတော့ ထွန်ယက်ဖို့အတွက် အင်အားမရှိဘူး”ဟု ပဒိုစောဟဲဂေက ပြောသည်။

လယ်ထွန်စက်ဆီနှင့် စပါးစေ့လိုအပ်ချက်ရှိ၍ KNU ဗဟိုသို့ တင်ပြထားကြောင်း အသိပေးသည်။

” အထက်လူကြီးတွေအနေနဲ့ စာရင်းတွေကိုကြည့်ပြီး တစုံတရာ စီစဉ် ပေးတာတွေ လုပ်ပေးဖို မျှော်လင့်ပါတယ်။ လယ်လုပ်ကိုင်တဲ့သူတွေကို ကူညီချင်တဲ့စိတ်ရှိတဲ့သူ တွေဆိုရင် ကော်သူးလေ လယ်ယာစိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီ:တော့ ထိရောက်မှုုရှိစေရန်အတွက် မြေပြင်မှာ မြေယာကော်မတီတွေရှိတယ် လယ်သမားအသင်းစတဲ့ အဖွဲ့တွေရှိတယ်။ NGO/INGO ဖြစ်စေ အရပ်ဖက်အဖွဲ့ အစည်း တွေအားလုံး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ပါလိမ့်မယ်”ဟုလည်း ပဒိုစောဟဲဂေက ပြောသည်။

KNU ညောင်လေးပင်ခရိုင်သည် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှု အားကောင်းသည့် ဒေသဖြစ်၍ စစ်ကောင်စီက ခရိုင်အတွင်း မြို့ရွာများကို လက်နက်ကြီး၊ လေကြောင်း ပစ်မှတ်ထား မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီ၏ အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စစ်ဘေးကြုံနေရခြင်းအပြင် ရေဘေးပါ ကြုံနေရ၍ အကူအညီများလိုအပ်နေကြောင်း KNU ဗဟိုကလည်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးသည်းထန်စွာရွာပြီးနောက် ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့မှကျေးရွာအချို့ ရေကြီးနစ်မြုပ်နေကာ ဒေသခံများသည် ဘေးလွတ်ရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ကြရသည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးလာတာကြောင့် မြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်းမှာ နေကြသူတွေ သတိပြုကြဖို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုးဇလ ဌာနက ဒီမနက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကုန်တိုက်များအပြင် နေအိမ်အများအပြား ရေဝင်ရောက်နေ၍ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

Facebook