close
Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲ စစ်ကောင်စီ စစ်ကူတပ် အထိနာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

နဂါးနီစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပိုင်းရှိ အနန်းကွင်း ဗျူဟာစခန်းသို့ စစ်ကူတပ်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ နဂါးနီ စစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဩဂုတ် ၂၇ရက်မှ ၂၉ရက်အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၂၉ရက်တွင် အဆိုပါ စစ်ကြောင်းကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြီးဆုံးချိန်၌ စစ်ကောင်စီဘက်က ၉ဦး သေဆုံးပြီး ၂၄ဦး ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက ဖော်ပြသည်။

စစ်ကူတပ်သည် စစ်ကောင်စီ ခမရ(၅၈၃)နှင့် (၅၈၇) ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၈ရက်တွင် ခုနစ်ဝါတောင်ထိပ်၌ တိုက်ပွဲဖြစ်ခဲ့ပြီး ဩဂုတ် ၂၉ရက်တွင်လည်း ရန်သူစစ်ကြောင်းကို ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု နဂါးနီစစ်ကြောင်းက အသိပေးသည်။

လက်ရှိတွင်လည်း အနန်းကွင်းဗျူဟာစခန်းအတွင်း ဒဏ်ရာရသူများစွာရှိနေပြီး တော်လှန်ရေးအင်အားစုများမှက ဖိအားမျိုးစုံပေးလျက်ရှိကြောင်း နဂါးနီစစ်ကြောင်းက ဩဂုတ် ၃၀ရက်တွင် ထုတ်ပြန်ထားသည်။

“အနန်းကွင်းဗျူဟာကို တော်လှန်ရေးအဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာ။ တိုက်ပွဲတွေပြင်းထန်နေတာကြာပြီ။ တိုက်ပွဲလည်း မကြာခဏပြင်းထန်နေတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အနန်းကွင်းဗျူဟာကို စစ်ကူသွားသည့် တပ်သည် ရေးမြို့အခြေစိုက် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခမရ(၅၈၃)နှင့် ခမရ(၅၈၇) ထုတ်နှုတ်စစ်ကြောင်းများဖြစ်ပြီး KNLA တပ်ရင်း(၂၇)

ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဆေသုံးထိခိုက်ရှိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သူအချို့ကလည်း လူမှုကွန်ရက်၌ အသိပေးရေးသားထားသည်။

အဆိုပါ အနန်းကွင်းတိုက်ပွဲ နှင့်ပတ်သက်ပြီး KNLA တပ်မှူး အချို့နှင့် တိုက်ပွဲ၌ ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ကို ဆက်သွယ်ကာ တိုက်ပွဲအခြေနေများကို မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KIAနှင့် ဒေသ စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ပါတီဝင်များကို နှုတ်ဆက်စကားပြော

သတင်း

ပြည်သူလူထုနေအိမ်ပျက်စီး၊ မင်းတပ်(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာပစ္စည်းထုပ်များ ထပ်မံ ဖြည့်တည်း

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံများက ပြောသည်။