close
Connect with us

Hi, what are you looking for?

သတင်း

ရပ်ကွက်​ဆေးဆိုင်ငယ်များ ပိတ်သိမ်းမှုများလာ

ရန်ကုန်မြို့ရှိရပ်ကွက် ဆေးဆိုင် အချို့ ရပ်နား၊ပိတ်သိမ်းမှုများ ရှိလာကြောင်း ရန်ကုန်မြို့ခံများက လူထုနွေဦးသို့ပြော သည်။

နေပြည်​တော်ရှိ​ဆေးဆိုင်တစ်ခုကိုစစ်​ဆေး​နေ​သောစစ်​​ကောင်စီရဲ နှင့်ဝန်ထမ်းများ။ဓါတ်ပုံ-စစ်​ကောင်စီ

“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”-

−ဆေးဆိုင်ပိုင်ရှင်​​ဟောင်းတစ်ဦး

ရဲခေါင်/People’s Spring

ရန်ကုန်မြို့ရှိရပ်ကွက် ဆေးဆိုင် အချို့ ရပ်နား၊ပိတ်သိမ်းမှုများ ရှိလာကြောင်း ရန်ကုန်မြို့ခံများက လူထုနွေဦးသို့ပြော သည်။

စစ်ကောင်စီ၏ (ဆေးဝါးအပါအဝင်)ပြည်ပသွင်းကုန်တင်းကြပ်သည့် မူဝါဒ များ၊ဒေါ်လာချုပ်ကိုင်မှုများ သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပြည်တွင်းဆေးဝါးပြတ် လပ်မှု ကို ပိုမိုးဆိုးရွားလာ​စေသည်ဟု အရောင်းပိတ်လိုက်ရသည့် ဆေးဆိုင်ပိုင်ရှင်ဟောင်းအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ကဆို ကယ်စီဗိုက်တာဖို့ လို လူကြီးအားဆေး၊ ဘရန်းငှက်သိုက်၊နှလုံးဆေး၊အသည်းဆေးက အစ တင်ထားနိုင်တယ်။ဒီနှစ် လေးလပိုင်းလောက်ကစလို့ နိုင်ငံ ခြားဆေးနဲ့ပတ်သက်ရင် နှားစေး၊ချောင်းဆိုး ၊ခေါင်းကိုက် လောက်ပဲရှိတယ်။ကြာလာတော့ လာဝယ်တဲ့သူတွေကို မရှိဘူး၊ကုန်နေတယ် ပြောတာ အားနာလာတယ်။ပြီးတော့ ဆိုင်ခန်းငှားခ ကပါ တက်လာတော့ မထူးတော့ဘူးဆိုပြီး ဖြုတ်လိုက်တာ”ဟု မကြာသေးမီရက်ပိုင်းက ပိတ်သိမ်းခဲ့သည့် ကမာရွတ်မြို့နယ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အချို့ရပ်ကွက် ဆေးဆိုင်များတွင်မူ ပြည်ပမှထုတ်လုပ်တင်သွင်း​သော ဆေးရောင်းချမှုကို ရပ်နားပြီး မြန်မာပြည်တွင်းထုတ်ဆေးဝါးအချို့သာ ရရှိကြောင်းလည်း သိရသည်။

“တခါပစ္စည်းဝယ်ရင် တစ်ခါတက်နေတော့ဘယ်လိုမှ ရောင်းမတက်တော့ဘူး။ ၂,၀၀၀ တန်ကို ၂,၀၅၀ နဲ့ရောင်း၊နောက်တစ်ခါ အဲဒီ ပစ္စည်းပဲ ထပ်ဝယ်တော့ ၂,၂၀၀ ဖြစ် ။အရင်းထဲက ပဲပါနေတာ။အဲဒီတော့ အဂ်လိပ်ဆေး နဲ့ပတ်သက်လို့ ကတော့ ဆေး အချို့လောက်ပဲ ရှိတော့တယ်။ထပ်မတင်နိုင်တော့ဘူး။ဒီပုံစံအတိုင်း ဆက်သွားရင်တော့ ဆိုင်ပိတ်ရတော့မှာပေါ့”ဟု နိုင်ငံ ခြားဆေးဝါးစျေးတက်ပြတ်လပ်မှုကို အင်းစိန်မြို့နယ် ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ထို့အပြင် စက်တင်ဘာလ ၁ ရက်ကစ၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည်ဟု စစ်ကောင်စီကမူဝါဒ​ပြောင်းပြန်သည်။

“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”ဟု စစ်ကောင်စီ၏ ကြေညာချက်အပေါ်. ​ဆေးဝါးတင်သွင်း​ရောင်းချမှုလုပ်ငန်းစဥ်ကိုနားလည်​သော ​ဆေးဆိုင်ပိုင်ရှင်​ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ နောက်ကြောင်းပြန်ဆွဲသည့် မူဝါဒ အသစ်ကြောင့် ပြည်တွင်း၌ နိုင်ငံခြားဖြစ်ဆေးဝါးရှားပါးမှုထက် ပြတ်လပ်မှုများပိုမိုဖြစ်လာနိုင်မည်ဟု ဆေးဝါးတင်သွင်းသည့် လုပ်ငန်းရှင်များက တညီတညွတ်တည်း​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

MAIဘဏ်အကောင့်များကို UOBက ပိတ်သိမ်းခြင်းသည် သယ်ယူပို့ဆောင်ရေး၊ခရီးသွားကဏ္ဍမှတဆင့် စစ်အုပ်စုရရှိသော နိုင်ငံခြား​ငွေပမာဏ အများအပြားကိုရပ်တန့်ခြင်း သည်ပုံပေါ်လာပြီ ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတင်း

MAI၏ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း UOBဘဏ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုထားသည်။

သတင်း

စစ်အုပ်စုနှင့်နီးစပ်ပြီး စစ်တပ်အရာရှိ​ဟောင်းအများစုကိုခန့်ထား​​သောဘဏ် ဖြစ်ပြီးစစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းဘဏ်အရာရှိစစ်သား​ဟောင်းအချို့ လုပ်ကြံခံရမှုနှင့် ဘဏ်ဓါးပြတိုက်မှု မကြာခဏဖြစ်ပွားခဲ့သည်။

ဗီဒီယို

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။