close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ပံ့ပိုးနေသည့် တရုတ်လုပ်ရပ်အား ဆန့်ကျင်ကြောင်း ဆားလင်းကြီး-ယင်းမာပင်ပြည်သူများ ဆန္ဒပြ

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

ဟန်နွေ/People’s Spring

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

ယနေ့ (စက်တင်ဘာ ၁ရက်)တွင် “China: Stop Killing Myanmar People by Supporting Fascist Criminals” စာတန်းကိုင်ဆောင်ကာ တရုတ်နိုင်ငံအနေဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီကို ပံ့ပိုးမှုများရပ်တန့်ရန် ဆန္ဒထုတ်ဖော်သူများက တောင်းဆိုခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)၊

ကိုးကန့်တပ်မတော်(MNDAA) ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့၏ စစ်ရေးဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ပြသခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင်းရှိ ပြည်သူများ၏ ဦးဆောင်မှုနှင့်အတူ ဒေသတွင်း တော်လှန်အင်အားစု သပိတ်ကော်မတီများစုပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတဝန်း ဆင်နွှဲနေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်မှု များအပေါ် ပြည်သူတစ်ရပ်လုံး တသားတည်း ရှိနေကြောင်း အသိပေး ပြသခြင်းဖြစ်သည်ဟု ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

အဖွဲ့ဝင် ကိုလွမ်းသူက ပြောသည်။

တချိန်တည်းတပြိုင်တည်း၌ပင် တရုတ်ဘက်က TNLAထံ စာပို့ ခြိမ်းခြောက်ပြီး တိုက်ပွဲရပ်ရန် ပြောကြားလာမှု အပေါ် ဆန့်ကျင်ကြောင်း ပြသခဲ့သည်ဟုဆိုသည်။

“ဒါသည် တအာင်းအမျိုးသားတွေတင် ခြိမ်းခြောက်တာမျိုးမဟုတ်ဘဲ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအားလုံးကို ထိပါး ခြိမ်းခြောက်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးသည် စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက် ဒီနိုင်ငံသူ နိုင်ငံသားတွေက လုပ်မယ်။ ဘယ်တိုင်းတပါးကမှ ဝင်ရောက်စွက်ဖက်ချယ်လှယ်တာကို လက်ခံမှာ မဟုတ်ဘူး။ အဲဒီလိုပါပဲ တရုတ်နိုင်ငံအနေနဲ့လည်း တခြားတိုင်းတပါးရဲ့ အရေးအရာ ကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ အရာတွေကို နိုင်ငံကြီး ပီပီ ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်ဖို့လိုအပ်တာဖြစ်ပါတယ်”ဟု ကိုလွမ်းသူက ပြောသည်။

ပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုအားလုံး အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးကို မည်သည့်အဖွဲ့ မည်သည့် နိုင်ငံက လာရောက်

ဟန့်တားသည်ဖြစ်စေ ဆက်လက်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ အဆုံးစွန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါကို ပြသလိုချင်းဖြစ်ပါတယ်။ စစ်ရေးရော နိုင်ငံရေးရော အားလုံးအားလုံးမှာ ပြည်သူတစ်ရပ်လုံးရဲ့တသွေးတည်း တသားတည်းရှိနေတယ်ဆိုတာကို ပြသလိုချင်းဖြစ်ပါတယ်” ဟု ကိုလွမ်းသူက ပြောသည်။

ယင်းမာပင် မြောက်ခြမ်းတွင်လည်း နောက်ပြန်မလှန်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း က စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး လူထု သပိတ် ကို ချီတက်ခဲ့သည်။ ဆားလင်းကြီးမြို့နယ် အားမန်သစ် လူထုများ ဦးဆောင်သည့် အားမာန်သစ် သပိတ်စစ်ကြောင်းကလည်း

တရုတ်၏ စစ်ကောင်စီကို ပံ့ပိုးမှုအား ဆန့်ကျင် ကြောင်း ဖော်ပြကာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအားလုံးကို ထောက်ခံကြောင်းပြသခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း၊ မီးရှို့ စစ်တပ် အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဩဂုတ် ၃၁ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင်လည်း အထွေထွေအကြပ်အတည်းများ ကျော်လွားနိုင်ရေး စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

“တော်လှန်ပြည်သူလူထုအပေါင်း၏ ဦးဆောင်ပူးပေါင်းပါဝင်မှုနှင့်အတူ တော်လှန်ရေး အရှိန်ဟာ ကောင်းသထက်ကောင်းလာနေပြီး အောင်ပွဲများလည်း ရသထက်ရလာနေပြီဖြစ်ပါတယ်။

ဒါဟာ လူထုရဲ့တော်လှန်ရေးအပေါ် ထည့်ဝင်မှုကြောင့်ပါပဲ။ မဝေးတော့သည့် အောင်ပွဲအတွက် စစ်ရေး၊နိုင်ငံရေး ပိုမိုအားကောင်းစွာ တိုက်ပွဲ အရှိန်မြှင့်ကြရပါမယ်။ယခုအခါ နိုင်ငံနဲ့အဝန်းမှာ အကြမ်းဖက် စစ်အုပ်စုဟာ ထိန်းချုပ် စိုးမိုးဧရိယာဟာ ကျဥ်းသထက် ကျဥ်းလာနေပြီ ဖြစ်ပါတယ်။ နယ်မြေကျဥ်းလာတာနဲ့အမျှ

သူရဲ့လုပ်ရိုးလုပ်စဥ် ပိုမိုယုတ်မာ ကောက်ကျစ်စဥ်းလဲမှုများကလည်း များပြားလာလျက်ရှိနေပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုများကြောင့် အထွေထွေအကြပ်အတည်းဟာ လူတရပ်လုံးအပေါ် သက်ရောက်နေခဲ့ပြီ ဖြစ်ပါတယ်”ဟုလည်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစု့ သပိတ် ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

(ယင်းမာပင် – ဆားလင်းကြီး ဒေသတွင်း တော်လှန်ပြည်သူလူထုများက ဆန္ဒထုတ်ဖော်နေစဉ်။ ဓာတ်ပုံ – ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်)

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံက နယ်စပ်ဂိတ်​ပေါက်များကို ပိတ်ထားပြီး ​ဆေးဝါးများဝယ်ယူတင်သွင်းမှုကိုပါခွင့်မပြု​တော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြု​နေရ​သော ​ဆေးဝါးများပါ ပြတ်လတ်လာပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း ​ရှမ်းပြည်နယ်​မြောက်ပိုင်းမှ ဒေသခံပြည်သူများကပြောသည်။

သတင်း

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူလူထုထံမှ ဆင်းသက်လာကြောင်းကို သတိပြု၍ အချုပ်အခြာအာဏာအားခြိမ်းခြောက်စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးရှောင်ရှားသင့်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ယနေ့( စက်တင်ဘာ ၁ရက်) ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

Facebook