သုည/People’s Spring
ရန်ကုန်မြို့ရှိ တံတားတစ်ခုပေါ်တွင် ယနေ့ (စက်တင်ဘာ ၁) တော်လှန်လူငယ်များက ဦးဆောင်ကာ “ဒုက္ခတွေကို ငုံ့ခံမယ့်အစား အာဏာရှင်ကို တော်လှန်ကြမယ်” စာတန်းချိတ်ဆွဲ၍ ဆန္ဒပြခဲ့ကြသည်။
အာဏာရှင်စနစ်၏ အကျိုးသက်ရောက်မှုအနေဖြင့် ပြည်သူလူထုတိုင်းသည် အထွေထွေကြပ်တည်းမှုများဖြင့် ရင်ဆိုင်နေရပြီး ၎င်းကြပ်တည်းမှု ဒုက္ခတိုင်းကို ဆက်လက်ငုံ့ခံနေမည်ဆိုလျှင် နောင်အချိန်ကာလတွင် ယခုဖြစ်ပေါ်နေသော အခြေအနေများထပ် ဆိုးသည့်အခြေအနေများကို ကြုံတွေ့ရမည်ဖြစ်ကြောင်း တော်လှန်လူငယ် များက ဆိုသည်။
ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒုက္ခတွေကို ငုံခံမယ့်အစား ဒုက္ခကိုဖြစ်စေသည့် အာဏာရှင်စနစ်အား ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်ပုန်ကန်ဖို့ လိုအပ်ကြောင်း ရန်ကုန်လူငယ်များက တိုက်တွန်းနှိုးဆော်ခဲ့သည်။