close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျောက်ဝိုင်း အရောင်းအဝယ်ပါးနေ

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲက ကျောက်မျက်ရောင်းဝယ်ရေး စခန်းမှာ တရုတ်ကျောက်ကုန်သည်တွေ မလာတော့တဲ့အတွက် အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ ကျောက်သမားတွေဆီက သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲက ကျောက်မျက်ရောင်းဝယ်ရေး စခန်းမှာ တရုတ်ကျောက်ကုန်သည်တွေ မလာတော့တဲ့အတွက် အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ ကျောက်သမားတွေဆီက သိရပါတယ်။

အရောင်းအဝယ်ဖြစ်တဲ့ ကျောက်တန်ဖိုးအပေါ် အခွန်ကောက်မ​ယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြီးနောက် ဇူလိုင်လကစပြီး တရုတ်ကျောက်ကုန်သည်တွေ ထွက်ခွာသွားကြတာလို့ ကျောက်သမားအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အဓိက ဝယ်လက်ကြီးတွေက တရုတ်တွေပဲရှိတာ၊ အဲဒီအပေါ်မှာ သူတို့ကို အခွန်ကောက်မယ်လုပ်တော့မလာကြတော့ဘူး” လို့ လုပ်သက် ၁၅ နှစ်နီးပါရှိတဲ့ ဝါရင့်ကျောက်သမား တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မန္တလေး စည်ပင်က ကျောက်အရောင်းအဝယ်ပြုလုပ်ရာမှာ ကျောက်တန်ဖိုးရဲ့၃၀ ရာခိုင်နှုန်းအခွန်ကောက်မယ်လို့ သတ်မှတ်ပြီးနောက် မန္တလေးကျောက်ဝိုင်းမှာ အရောင်းအဝယ်မရှိသလောက်ဖြစ်သွားတာလို့သိရပါတယ်။

အွန်လိုင်းကနေ ကျောက်ရောင်းဝယ်သူ နိုင်ငံခြားသားတွေကို အခွန်ကောက်ဖို့ စီမံအုပ်ချုပ်ရေးရုံးဆိုပြီး စစ်ကောင်စီ က ကျောက်ဝိုင်းထဲမှာ ဖွင့်ခဲ့တာပါ။

အဲဒီနောက်မှာတော့ တရုတ်ကျောက်ကုန်သည်တွေ အရောင်းအဝယ် ရပ်လိုက်တာနဲ့တပြိုင်နက် ကျောက်ဝိုင်းရဲ့ နေ့စဉ်စျေးကွက်ဟာ ထိုးကျသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook