close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်က နယ်စပ်ဂိတ်များမှ​ဆေးဝါးတင်သွင်းခွင့်ပိတ်ထား၍ ပြည်သူများအခက်​တွေ့

တရုတ်နိုင်ငံက နယ်စပ်ဂိတ်​ပေါက်များကို ပိတ်ထားပြီး ​ဆေးဝါးများဝယ်ယူတင်သွင်းမှုကိုပါခွင့်မပြု​တော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြု​နေရ​သော ​ဆေးဝါးများပါ ပြတ်လတ်လာပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း ​ရှမ်းပြည်နယ်​မြောက်ပိုင်းမှ ဒေသခံပြည်သူများကပြောသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ကျင်စန်းကျော့ဂိတ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းကတွေ့ရစဉ်။ ဓါတ်ပုံ-CJ

“တရုတ်အစိုးရအနေနဲ့ကတော့ စစ်ကောင်စီအလိုကျ မလုပ်ဖို့ မူဆယ်က တရုတ်ဖွားတစ်ယောက်အနေနဲ့ ပြောချင်တယ်။ ရှမ်းမှ တရုတ်လူမျိုးတွေလည်း အများကြီးရှိတယ်လေ”

−မူဆယ်မြို့မှ​ဆေးဆိုင်ပိုင်ရှင်တစ်ဦး

​နေ့သစ်/ People’s Spring

တရုတ်နိုင်ငံက နယ်စပ်ဂိတ်​ပေါက်များကို ပိတ်ထားပြီး ​ဆေးဝါးများဝယ်ယူတင်သွင်းမှုကိုပါခွင့်မပြု​တော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြု​နေရ​သော ​ဆေးဝါးများပါ ပြတ်လတ်လာပြီး ပြည်သူများ အခက်​တွေ့​နေ​ကြောင်း ​ရှမ်းပြည်နယ်​မြောက်ပိုင်းမှ ဒေသခံပြည်သူများကပြောသည်။

“ဆေးတွေက အဝင်မရှိဘူး။ မနေ့က မနက်ပိုင်း ၄၀၀၀ တန်ဆေးက ည‌နေမှာ ၅၀၀၀ ဖြစ်တယ်။ စစ်ကောင်စီက ပြည်သူကို အနေကျပ် အသေကျပ်အောင် လုပ်တာက ကြာခဲ့ပြီ။ တရုတ်အစိုးရအနေနဲ့ကတော့ စစ်ကောင်စီအလိုကျ မလုပ်ဖို့ မူဆယ်က တရုတ်ဖွားတစ်ယောက်အနေနဲ့ ပြောချင်တယ်။ ရှမ်းမှ တရုတ်လူမျိုးတွေလည်း အများကြီးရှိတယ်လေ” ဟုဆယ်မြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့မှ ပြည်သူတဦးက​လည်း “ဒီဘက်မှာ ဘာကုန်ပစ္စည်းမှ အဝင်မရှိတော့ဘူး၊ အဆိုးဆုံးကတော့ ဆေးဝါးတွေ မဝင်တော့တာပဲ။ ဆေးရုံမှာ ဆေးမကျန်တော့ဘူး။ လစဉ်ထုတ်ပေးရမယ့် တီဘီဆေး၊ HIV ဆေးတွေပြတ်တယ်။ ပိုးသတ်ဆေး၊ ကာကွယ်ဆေးတွေလည်း မရှိတော့သလောက်ဖြစ်နေတယ်။ ပြည်သူတွေ အတော်ဒုက္ခရောက်နေကြပြီ။ အနည်းဆုံးဆေးဝါးရှိရင်တောင် အသက်ရှင်သန်နိုင်ပါသေးတယ်”ဟု​ဒေသခံများ၏ အခက်အခဲကိုပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်များ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်က ပြီးခဲ့သည့် ဇူလိုင် ၉ ရက်မှစ၍ ပိတ်ထားခဲ့ပြီး ယ​နေ့အထိ့ ပြန်ဖွင့်မ​ပေး​သေး​ကြောင်း​ဒေသခံများက ပြောသည်။

AA ၊TNLA ၊ MNDAA တို့ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ဂိတ်၊ MNDAA ထိန်းချုပ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ် ၊TNLA က နမ့်ခမ်းမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ကို ဇူလိုင် ၉ ရက်တွင် တရုတ်နိုင်ငံဘက်က ပိတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်သည့် တစ်ခုတည်းသော မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကိုမူတရုတ်က ဖွင့်ပေးထားသည်။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ဇွန် ၂၅ ရက်မှစတင်လိုက်ပြီး နှစ်ပါတ်အကြာတွင် တရုတ်က သတိ​မ​ပေးဘဲနယ်စပ်ဂိတ်​ပေါက်များ ပိတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပိတ်ခြင်းမှာ စစ်ဆင်​ရေးကိုရပ်​စေရန်ဖိအား​ပေးခြင်းဖြစ်​ကြောင်း​ဒေသခံများက​သုံးသပ်သည်။ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် ကုန်စည်များ လည်းတင်ပို့တင်သွင်း၍ မရ​တော့ ​ပေ။ ကျန်ကုန်စည်မားထက် ​ဆေးဝါးများမှာ စစ်​ကောင်စီက ပိတ်ဆို့ထား၍ တရုတ်မှအဓိက တင်သွင်း​အသုံးပြု​နေရ​ခြင်းဖြစ်ပြီး ​တရုတ်ကပါ ဝယ်ယူတင်သွင်းမရ​တော့ခြင်းသဖြင့် ပြည်သူများအတွက် အခက်အခဲများစွာကြုံ​ကြောင်း​ဒေသခံများက​ပြောသည်။

“ဆေးက ဝယ်လို့မရဘူး။ ရှမ်းတောင်ဘက်ကို ခက်ခက်ခဲခဲလှမ်းမှာလို့ ရလာရင်လည်း ကျမတို့လို့ ဆေးခန်းသေးသေးလေးတွေတောင် တစ်ပတ်စာ မလောက်ဘူး။ ဆေးခန်းပိတ်ထားရတဲ့နေ့တွေတောင်ရှိတယ်” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၌ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးကလည်းပြောသည်။

နောင်ချိုမြို့မှ ပြည်သူတဦးကလည်း”နောင်ချိုမှာ ဆေးတွေစပြတ်နေပြီ ပြောလို့ရတယ်။ အဝင်လမ်းမရှိတော့ဘူး။ မန္တလေးတို့ ပြင်ဦးလွင်တို့ကနေ စစ်ရှောင်တွေပြန်လာရင် ဆေးတွေသယ်လာရင် အသယ်မခံဘူး။ သိမ်းထားတယ်ပြောတယ်”ဟု ပြောသည်။

ထို​ကြောင့် တရုတ်နိုင်ငံဘက်မှ ကျန်ပစ္စည်းများထက် ​ဆေးဝါးတင်သွင်းမှုကို ခွင့်ပြု​ပေးသင့်​ကြောင်း ​ဒေသခံပြည်သူများက​ပြောသည်။

တဖက်တွင် စစ်​ကောင်စီကလည်း ​ဒေါ်လာ ပြည်ပသို့အထွက်နည်းရန် ​ဆေးဝါးတင်သွင်းမှုကို ပို၍ တင်းကြပ်လာသဖြင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း ​ဆေးဝါးပြတ်လပ်မှုနှင့် ​ရှားပါး​ဈေးကြီးမှုများ ပိုမိုဆိုးရွာလာသည်။​ဆေးဝါးတင်သွင်းမှုကို ပိုမိုတင်းကြပ်လာသဖြင့် တချို့ ​ဆေးဝါးတင်သွင်း​ရောင်းချ​သော ကုမ္ပဏီကြီးများ လုပ်ငန်းများရပ်နား ကုန်သလို ၊​ဆေးဝါးရှားပါး​ဈေးကြီးမှု​ကြောင့်​ဆေးဆိုင်ငယ်များရပ်နားရမှု ပိုများလာသည်။

ယခု​နောက်ဆုံးစစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်က အ​မေရီကန် ဒေါ်လာ ၁၀၃ သန်းကျော်တန်ဖိုးဆေးဝါးများတင်သွင်းရန်​လျှောက်ထား​သော လိုင်စင်လျှောက်လွှာ ၇၁၆ စောင်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်သည်။​ဆေးကုမ္ပဏီ ၁၀၆ခု ၂၀၂၃ခုနှစ်အောက်တိုဘာလကတည်းက​ဆေးတင်သွင်းရရန် လိုင်စင်​လျှောက်ထားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက လိုင်စင်များကိုပယ်ဖျက်ပြီး စစ်ကောင်စီ၏နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက စက်တင်ဘာ ၁ ရက်ကမှစ၍ ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟု မူဝါဒပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။

“ဒေါ်လာလိုအပ်ချက်များနေလို့ မူဝါဒကို ခဏခဏပြောင်းနေတာပါ။အခုကန့်သတ်ချက်က ဆေးဝါးတွေ ရှေလျှောက်ဝယ်ယူဖို့ခက်ခဲသွားလိမ့်မယ်”ဟု ဆေးကုမ္ပဏီတစ်ခုမှ မန်းနေဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ကြေညာချက်အပေါ်. ​ဆေးဝါးတင်သွင်း​ရောင်းချမှုလုပ်ငန်းစဥ်ကိုနားလည်​သော ​ဆေးဆိုင်ပိုင်ရှင်​ဟောင်းတစ်ဦးက “Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူလူထုထံမှ ဆင်းသက်လာကြောင်းကို သတိပြု၍ အချုပ်အခြာအာဏာအားခြိမ်းခြောက်စော်ကားသည့် ဝင်ရောက်စွက်ဖက်သော လုပ်ရပ်မျိုးရှောင်ရှားသင့်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ယနေ့( စက်တင်ဘာ ၁ရက်) ထုတ်ပြန်သည်။

သတင်း

တိုင်းရင်းသားတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်အဖွဲ့အားလုံးနှင့်အတူတသားတည်း ရပ်တည်ကြောင်း ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က ဆန္ဒထုတ်ဖော်ပြသခဲ့သည်။

သတင်း

စစ်​ကောင်စီက ပို့ကုန်ရငွေတင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်ချပေးမည်ဟုဆိုကာ ဆေးဝါးကုမ္ပဏီ ၁၀၀ကျော်၏ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနက ပယ်ဖျက်လိုက်သည်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ကမ်းခြေစောင့်လှေနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား အပြန်အလှန် စွပ်စွဲ ရှုတ်ချထားကြပါတယ်။

Facebook