close
Connect with us

Hi, what are you looking for?

သတင်း

မြစ်သားအနောက်ခြမ်းကျေးရွာများ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်၍ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်အနောက်ခြမ်းတွင် ရေနစ်မြုပ်ကျေးရွာများဆီ ကုညီကယ်ဆယ်ရေးအဖွဲ့များမရောက်၍ အဆိုပါဒေသရှိ ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများအိမ်ခေါင်မိုးပေါ် တက်နေနေ၍ ကယ်ဆယ်ရေးအဖွဲ့များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်အနောက်ခြမ်းတွင် ရေနစ်မြုပ်ကျေးရွာများဆီ ကုညီကယ်ဆယ်ရေးအဖွဲ့များမရောက်၍ အဆိုပါဒေသရှိ ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်ကတည်းက ရေကြီးနေသည့် မြစ်သားမြို့အနောက်ဘက်ရှိ ကင်းစိန်ဈေး အနောက်ရွာ၊ ပေါက်မြိုင်၊ အင်းယင်း၊ တမာပင်၊ နွားဖြူငယ်၊ စမုံပေါက်၊ သစ်တတ်ကုန်း၊ လောင်းတော်ဦး၊ နွားကူးလေး၊ တကိုတည်း၊ ယွေး၊ ဒါးရဲကောင်း၊ ကင်းစိန်ဈေးအရှေ့ အစရှိသည့် ကျေးရွာများသို့ ကယ်ဆယ်ရေးစက်လှေများ ရောက်ရှိလာခြင်းမရှိကြောင်း၊ ထို့အပြင် အစားအသောက်နှင့် ထမင်းထုပ်ဝေသည့်စက်လှေများပါ ရောက်မလာ၍ ရေဘေးသင့်ပြည်သူများ အခက်အခဲဖြစ်နေကြောင်း မြစ်သားမြို့နယ်အနောက်ခြမ်း ဒေသခံများက ပြောသည်။

“ရေက ဘေးကြပ်နံကြပ်မို့ ဘယ်သူမှ ထမင်းထုပ်လာမပို့သလို စက်လှေတွေအကုန်လှည့်ပြန်သွားကြတာချည်းပါပဲ။ ကြာရင် အစာအိမ်ထိခိုက်ပြီး ကလေးငယ်တွေနဲ့ အဘိုးအဘွားတွေ သတိလစ်နိုင်တဲ့ အထိအနေအထားမို့ပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်နှင့် မြစ်သားမြို့နယ်များရှိ ရေဘေးသင့်ဒေသများသို့ ထမင်းထုပ်များလာရောက်ပို့ဆောင်နေကြသော်လည်း စက်လှေမောင်းနှင်တတ်သူနည်းပါးခြင်း၊ ရေစီးသန်ခြင်း၊ လမ်းကြောင်းမကျွမ်းကျင်ခြင်းများကြောင့် အလှည့်ကျပို့ဆောင်နေရ၍ နောက်ကျနေရခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့အချို့က ပြောသည်။

ထို့အပြင် ရေဘေးသင့် ဒေသအချို့တွင် ပရဟိတအဖွဲ့များယူဆောင်လာသည့် စက်လှေများကို စစ်ကောင်စီကသိမ်းယူပြီး ၎င်းတို့ပို့လိုသည့်ဒေသသို့ ပို့ဆောင်နေကြောင်း၊ ထို့ကြောင့် ပရဟိတအဖွဲ့များမှာ စိတ်ရှိသလောက် မကူညီနိုင်ဘဲဖြစ်နေကြောင်း ပရိဟတသမားအချို့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် ရေဘေးအား အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရမည်းသင်း၊ တပ်ကုန်းနှင့် ကလောမြို့နယ်တို့တွင် ပြည်သူအများအပြား သေဆုံးခဲ့ပြီး လူဦးရေသိန်းချီ ရေဘေးဒုက္ခ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရင်း PDF တပ်မတော်သား တစ်ဦး အသက်စွန့်လွှတ် ပေးလှူခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာ ကွယ်ရေးဝန်ကြီးဌာနက ယနေ့ (စက် တင်ဘာ ၁၄)အသိပေး ထုတ်ပြန်သည်။

သတင်း

ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(စက်တင်ဘာ ၁၄ရက်) ကြေညာသည်။

သတင်း

မြန်မာနိုင်ငံတွင်ရင်ဆိုင်နေရသည့် ရေဘေးကို လှူဒါန်းရန်အတွက် တော်လှန်အနုပညာရှင်အဆိုတော် လင်းနစ်က ၎င်း၏ကိုယ်ပိုင်သံစဉ်"ချစ်သူ့အိမ်အပြန်" သီချင်းကို လေလံတင်ရောင်းချနေသည်။

Facebook