close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကစေခိုင်း၍ ဆိုင်းတောင်ရှိနေအိမ်များ မီးရှို့နေသူများ KIA ဖမ်းမိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

KIA ဖမ်းဆီးရမိသူများနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်းတောင်ရွာနေအိမ်များမီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၇ရက်မှစ၍ ဆိုင်းတောင်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီနပ်တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၁၂ရက်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းယူခဲ့သည်။ ရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်းတောင်ရှိ နေအိမ်များကို မီးရှို့ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဖားကန့် တပ်မကုန်းမှ လက်နက်ကြီး ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၁၃ရက်တွင် ဆိုင်းတောင်ရှိ နေအိမ်များ မီးလိုက်ရှို့သူများအား KIAက ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။ ၎င်းတို့သည် မီးရှို့ခြင်းအပြင် နေအိမ်ရှိပစ္စည်းများ ယူဆောင်ကြကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

” ကျနော်သူငယ်ချင်း Massage ပို့ပေးလို့ သိရတာ။ ကျနော်လည်း အသေးစိတ်ထဲထဲဝင်ဝင်တော့ မသိ ဘူး။ သူငယ်ချင်းက Massage ပို့ပေးတယ် ဒီကောင်တွေပဲ။ ဒီအဖွဲ့တွေပဲ ဆိုပြီး ဓာတ်ပုံနဲ့တကွ ပြောပြလာတာ”ဟု သတင်းရင်းမြစ်က စက်တင်ဘာ ၁၃ရက်တွင် ပြောပြသည်။

ထိုသို့ဖမ်းဆီးရရှိမှု၊ ဆိုင်းတောင်ဒေသ စစ်ရေး အခြေအနေတို့နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်သည်။

ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ရန် ခိုင်းစေထားသူများအနက်မှ ၂၃ဦးကို KIA/KPDF ပူးပေါင်းတပ်က ဖမ်းမိထားကြောင်း၊ စစ်ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းက နေအိမ်များ ဖျက်ဆီးလျက်ရှိရာ မူးယစ်ဆေးသုံးစွဲသူများအား အသုံးပြု မီးရှို့ခိုင်းခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

KIA သတင်းပြန်ကြားရေးဌာန၏ စက်တင်ဘာ ၁၂ရက် ဆိုင်းတောင်တိုက်ပွဲသတင်း ဖော်ပြချက် တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင် စစ်ကောင်စီရဲစခန်းကိုစက်တင်ဘာ ၁၂ရက် မနက်တွင် အပြီးသတ် သိမ်းပိုက်လိုက်သည့်နောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရဲစခန်းသိမ်းပိုက်ထားနိုင်သော်လည်း ဆိုင်းတောင် Lucky Men ဟိုတယ်အနီးရှိ စစ်ကောင်စီတပ်သားများကို ဆက်လက် ရှင်းထုတ်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်း ရေဘေးရင်ဆိုင်နေရချိန် စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၄ရက်) နေ့လည်တွင်လည်း နောင်ချိုမြို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

လားရှိုးနှင့် ကျောက်မဲကို ဗုံးကြဲ လေယာဉ်ပတ်နေ

Facebook