close
Connect with us

Hi, what are you looking for?

သတင်း

ရေကြီးမြေပြိုမှုကြောင့် ရမည်းသင်းမြို့နယ် သပြေပင်ရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိ၊ ၄၀ဦးခန့် ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိထားကာ စာရင်းအရ ၄၀ဦးခန့် ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသခံများက ပြောသည်။

သပြေပင်ရွာရေကြီးနစ်မြုပ်သွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် ရုပ်အလောင်း ၃၀ကျော်တွေ့ရှိထားကာ စာရင်းအရ ၄၀ဦးခန့် ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက် များပြားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၁ရက်ကတည်းက မိုးရွာသွန်းမှုများပြားခြင်း၊ မြေပြိုခြင်းများကြောင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ၌ ရုပ်အလောင်းအများအပြား တွေ့ရှိထားကြောင်း၊ ထို့အပြင်

Public Service Announcement

Public Service Announcement

ဝါးဖြူတောင်အောက်ရွာ၊ ချောင်းဖျားရွာ၊ ကြွက်တောရွာနှင့် ကန်သာအေးကျေးရွာတို့မှ ပြည်သူများလည်း သေဆုံးပျောက်ဆုံးမှုများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

” ဒီနေ့အထိ သေဆုံးနဲ့ ပျောက်ဆုံး ၇၅ဦး စာရင်းရရှိထားတယ်။ ၃၀လောက်သေဆုံးပြီး ၄၀ ကျော်ပျောက်ဆုံးနေတယ်။ အခြေအနေအရ ဘယ်လိုမှအတိအကျမထွက်သေးဘူး။ မသိနိုင်သေးဘူး။ တောင်ပေါ်ကို တက်ဖို့လည်း လမ်းကြောကပြတ်နေတယ်။ တက်လို့မရဘူးဖြစ်နေတယ်။”ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ပေါ်ကျေးရွာများတွင် ရွှေလုပ်ကွက်အများအပြားရှိပြီး ယင်းလုပ်ကွက်များ၌ နေထိုင်သည့် စာရင်းမပေါက်သောကျေးရွာအများအပြားလည်းရှိနေကြောင်း၊ အဆိုပါကျေးရွာများမှာလည်း ရွာလုံးကျွတ် မြေအောက်ရောက်သွား၍ သေဆုံးသူ များပြားကြောင်း ဒေသခံများက ပြောသည်။

“အလောင်းတွေကလည်း မကောက်ရသေးဘူး။ ပုပ်နေကုန်ပြီ။ ဒီနေ့နဲ့ဆို ​လေးညအိပ်ငါးရက်ရှိပြီ။ ၂၀ကျော်လောက် အလောင်းတွေကတွေ့တယ်။ ဖော်ရဦးမှာ။ ဒိုက်တွေအောက်တွေမှာလေ။ သပြေပင်ကတစ်ရွာလုံးပဲ။ တောင်ဘက်မှာလည်းရွာတွေကရှိသေးတယ်။”ဟု ရမည်းသင်း ဒေသခံတစ်ဦးက ပြောသည်။

သပြေပင်ကျေးရွာသည် ရွာ၏ ၉၀ရာခိုင်နှုန်းခန့် ရေအောက်ရောက်ခဲ့ပြီး လက်ရှိစာရင်းအရ

သေဆုံးသူ ဦးရေ ၃၀ခန့်နှင့်ပျောက်ဆုံး ၅၀ဦးခန့်ရှိနေကြောင်း၊ ထို့အပြင် ကားအစီးရေ ၂၇စီး ရေထဲမျောပါခဲ့ကြောင်း သွားရောက်ကူညီခဲ့သူ ကိုခိုင်ကြီးဆိုသူက လူမှုကွန်ရက်၌ ရေးသားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်လည်း ရမည်းသင်းမြို့နယ် ရေကြီးမှုတွင် စက်တင်ဘာလ ၁၁ရက်က ၁၀ဦးသေဆုံးပြီး စက်တင်ဘာလ ၁၂ရက်တွင် မြင်းနားရွာမှ ၇ ဦး၊ ကျီးနီကန်ရွာမှ ၂၈ဦး၊ တူးကုန်းရွာမှ သုံးဦး၊ သပြေပင်ရွာမှ ၈၀ဦး၊ ချောင်းဖျားရွာမှ ၁၀၀ဦး သေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၂၈ဦး ရှိကြောင်း ရေးသားနေသည်။

ထို့အပြင် ရွာလုံးကျွတ် ရေထဲပါသွားသော ဝါးဖြူတောင် အထက်ရွာ၊ ဝါးဖြူတောင် အောက်ရွာနှင့် ရွှေတောမိုင်းတို့၏ သေဆုံးမှုမသိရသေး၍ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟုလည်း ရေးသားနေကြသည်။

စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာနကလည်း ရမည်းသင်းနယ်၌ ရေဘေးကြောင့် သေဆုံးသူ ၁၇ ဦးရုပ်အလောင်းများ ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယခုအခါ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေပြီး အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပါ ဆိုးရွားနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​ရေ​ဘေး​ကြောင့် ရမည်းသင်းမြို့တစ်မြို့တည်းတွင် ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့်နေသည်ဟု ရမည်းသင်းမြို့မှ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်အပါအဝင် ရမည်းသင်း၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ ကျောက်ဆည်စ​သော မြန်မာ နိုင်ငံအလယ်ပိုင်းမြို့နယ်များတွင်ပါ ရေကြီးနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်ရန်အတွက် ပြည်သူ့အကူညီများလည်းလိုအပ်နေကြောင်း Justice-Underground Revolution Forceအဖွဲ့က အသိပေးထားသည်။

သတင်း

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

Facebook