close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံသပိတ်ခေါင်းဆောင်၊ ခရိုင်ပကဖ ဒုတာဝန်ခံ ကိုလှမျိုးကျော် ကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကိုလှမျိုးကျော် (ခ) ကိုအီးတီ (ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၆ရက်က တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုအတွင်း ရဲဘော် ၅ ဦးဖမ်းဆီးခံရပြီး ၎င်းတို့အားလုံး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံသူ ၅ ဦးတွင် မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော်(ခ)အီးတီနှင့်အတူ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ကိုဖက်တီး၊ ကိုကုလား၊ ကိုဘောကြီး၊ ကိုကျော်သက်တို့လည်းပါဝင်ကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

“တာဝန်ပေးထားလို့သာ ဒုတာဝန်ခံယူပေးထားတာ။ ပကဖတာဝန်တင်မကဘူး နိုင်ငံရေးအရ အများကြီးအလုပ်လုပ်နိုင်တဲ့သူပါ။ မြေပြင်လိုအပ်ချက်အရ တာဝန်ပေးထားလို့သာ သူ့အနေနဲ့ မလွှဲသာမရှောင်သာ ခရိုင်ပကဖအနေနဲ့ တာဝန်ယူထားတာ။”ဟု မြင်းခြံအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကိုလှမျိုးကျော် ကျဆုံးခဲ့ရခြင်းအပေါ် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်ရေးအင်အားစု(GSCB)၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)၊ မြင်းခြံခရိုင် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးသမားနှင့် တော်လှန်ဏေးသမားအများအပြားက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်များ ရေးသားခဲ့ကြသည်။

“ရာထူးမမက်ပေမဲ့ မြင်းခြံခရိုင်ပကဖတာဝန်ခံနေရာမှာ နေရာအတွက်မဟုတ် တော်လှန်ရေးအတွက်အလုပ်လုပ်တယ်။ နောက်ကျည် မကြောက်ပဲ ယုံကြည်ချက်အတိုင်း ပွင့်ပွင့်လင်းလင်းလုပ်တယ်။ အချင်းချင်းကြား အမှန်တရားကို ရှင်းရှင်းပြောတယ်။”ဟု ကိုလှမျိုးကျော်(ခ)ကိုအီးတီနှင့်ပတ်သက်၍ မြင်းခြံနယ်မှ နိုင်ငံရေးသမား ဦးမင်းစစ်နိုင်က ရေးသားသည်။

ကိုလှမျိုးကျော်သည် လူအခွင့်အရေးလှုပ်ရှားမှုများကို ၂၀၀၆ ခုနှစ်ကတည်းကစတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်သံဃာများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဥ် Vote No /No Vote ကမ်းပိန်းပြုလုပ်ခဲ့သည်။

မြင်းခြံမြေလတ်နိုင်ငံရေးအင်အားစု၌ ပါဝင်ကာ မြေအောက်တာဝန်များယူခဲ့သည်။ စစ်တပ်အုပ်ချုပ်နေချိန်၂၀၀၉တွင် ထောင်ဒဏ် ၁၄နှစ်ချမှတ်ခံရသည်။ ထောင်ကလွတ်မြောက်ပြီး နွားထိုးကြီးမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲအတွက် လူထုကိုစည်းရုံးရေးပြုလုပ်ခဲ့သည်။

၂၀၂၁စစ်တပ်အာဏာသိမ်းချိန် မြင်းခြံလူထုအား ဦးဆောင်ကာ သပိတ်မှောက်ရာ စစ်တပ်က ဝရမ်းထုတ်ခဲ့သည်။ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်ရေးအဖွဲ့ဝင်၊ မြင်းခြံလူထူလှုပ်ရှားမှုကော်မတီတို့လည်း တာဝန်ယူခဲ့သည်။ ကိုလှမျိုးကျော်သည် စစ်ကောင်စီအားတော်လှန်ရင်း စစ်ရှောင်များအားကူညီရင်း၊ ကလေးငယ်များကိုလည်း မကျဆုံးမီအထိ စာသင်ပေးခဲ့သူလည်းဖြစ်သည်။

ခြုံကြီးရွာစီးနင်းခံရမှုအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမဖြစ်မီ စက်တင်ဘာ ၁၅ရက်ကလည်း တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို စစ်‌ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ