close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင် ပကဖဒုတာဝန်ခံကိုလှမျိုးကျော်စျာပန ပြည်သူအများအပြား လိုက်ပါပို့ဆောင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း ကျဆုံးခဲ့သည့် မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီ၏ စျာပနအား ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ကိုလှမျိုးကျော် (ခ)ကိုအီးတီ၏ စျာပနအားတွေ့ရစဥ်။ဓာတ်ပုံ-မင်းစစ်နိုင်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း ကျဆုံးခဲ့သည့် မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီ၏ စျာပနအား ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

စက်တင်ဘာ ၁၆ရက်က တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုအတွင်း သတ်ဖြတ်ခံခဲ့ရသည့် မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော်၏ စျာပနာအား ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူများနှင့် ကိုလှမျိုးကျော်၏ တပည့်ကျောင်းသား၊ကျောင်းသူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

“ကိုအီးတီရဲ့အရိုးပြာတွေကို အိုး ၃လုံးနဲ့ စီစဥ် ထားပါတယ်။ ဒေသခံတွေရဲ့တောင်းဆိုမှုနဲ့ တိုင်း၃တိုင်းမှာ မြှုပ်နှံပြီး ဗိမာန်တည်ဆောက်ပေးသွားမှာပါ။”ဟု မြင်းခြံပကဖ၏ တာဝန်ရှိသူကတစ်ဦးက ပြောသည်။

“ရာထူးမမက်ပေမဲ့ မြင်းခြံခရိုင်ပကဖတာဝန်ခံနေရာမှာ နေရာအတွက်မဟုတ် တော်လှန်ရေးအတွက်အလုပ်လုပ်တယ်။ နောက်ကျည် မကြောက်ပဲ ယုံကြည်ချက်အတိုင်း ပွင့်ပွင့်လင်းလင်းလုပ်တယ်။ အချင်းချင်းကြား အမှန်တရားကို ရှင်းရှင်းပြောတယ်။”ဟု ကိုလှမျိုးကျော်နှင့်ပတ်သက်၍ မြင်းခြံနယ်မှ နိုင်ငံရေးသမား ဦးမင်းစစ်နိုင်က ရေးသားသည်။

ကိုလှမျိုးကျော်သည် လူအခွင့်အရေးလှုပ်ရှားမှုများကို ၂၀၀၆ ခုနှစ်ကတည်းကစတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်သံဃာများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဥ် Vote No /No Vote ကမ်းပိန်းပြုလုပ်ခဲ့သည်။

မြင်းခြံမြေလတ်နိုင်ငံရေးအင်အားစု၌ ပါဝင်ကာ မြေအောက်တာဝန်များယူခဲ့သည်။ စစ်တပ်အုပ်ချုပ်နေချိန်၂၀၀၉တွင် ထောင်ဒဏ် ၁၄နှစ်ချမှတ်ခံရသည်။ ထောင်ကလွတ်မြောက်ပြီး နွားထိုးကြီးမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲအတွက် လူထုကိုစည်းရုံးရေးပြုလုပ်ခဲ့သည်။

၂၀၂၁စစ်တပ်အာဏာသိမ်းချိန် မြင်းခြံလူထုအား ဦးဆောင်ကာ သပိတ်မှောက်ရာ စစ်တပ်က ဝရမ်းထုတ်ခဲ့သည်။ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်ရေးအဖွဲ့ဝင်၊ မြင်းခြံလူထူလှုပ်ရှားမှုကော်မတီတို့လည်း တာဝန်ယူခဲ့သည်။ ကိုလှမျိုးကျော်သည် စစ်ကောင်စီအားတော်လှန်ရင်း စစ်ရှောင်များအားကူညီရင်း၊ ကလေးငယ်များကိုလည်း မကျဆုံးမီအထိ စာသင်ပေးခဲ့သူလည်းဖြစ်သည်။

ကိုလှမျိုးကျော်သတ်​ဖြတ်ခံရစဥ်က ၎င်းအပြင် မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ကိုဖက်တီး၊ ကိုကုလား၊ ကိုဘောကြီး၊ ကိုကျော်သက်တို့ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများအား သုံးစွဲခြင်း လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်သည်။

သတင်း

မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Facebook