close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Myingyan Black Tiger (MBT)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MBT

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ကောင်စီတပ်သည် မြင်းခြံမြို့နယ် မြောက်ဘက်ခြမ်းရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၁) နယ်မြေအတွင်း စက်တင်ဘာ ၉ရက် ညက တစ်ကြိမ်၊ စက်တင်ဘာ ၁၀ရက်က တစ်ကြိမ် PFFများအား လာရောက်တိုက်ခိုက်ခဲ့ရာ MBT နှင့် မဟာမိတ်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး။ သူတို့ကားပေါ်ကဆင်းတာတွေကအစ လှမ်းမြင်နေရတာ။ အိမ်စီးကားဆိုတော့ ကြောင်ကြည့်နေတာ။ ဘာတွေလဲဆိုတာ မသိဘူး။ ပြီးမှ​ခတွေ ဖြစ်နေတာ။ ပြည်သူတွေကား အန်စာတုံးကားကိုချောဆွဲလာတာ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာခဲ့ရာ အသင့်ထောင်ထားသော တိုက်မိုင်းများထိ၍ စစ်သားတစ်ဦး သေဆုံးပြီး ထိခိုက်မှုအချို့ရှိကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဗိုလ်မိုက်ခဲက ဆိုသည်။

ထို့နောက် နယ်မြေရှင်းလင်းချိန် G-3 သေနတ် တစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့် အတူ Myingyan Eagle Defense Force (MEDF)နှင့် Popa Guerilla Force (PGF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်းသည် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)တွင် စစ်ကောင်စီ စခန်းများအား ဖိအားပေး တိုက်ခိုက်နေပြီး End Point Project ၌ ပါဝင်ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံထားသည်။

စက်တင်ဘာ ၈ရက်ကလည်း မြင်းခြံမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာ အမျိုးသမီး သုံးဦးအား သ​တ်ဖြတ်သွားခဲ့သည်။

စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက မြင်းခြံမြို့အထွက်၊ မြင်းခြံ-မြို့သာလမ်းပေါ်ရှိ လယ်သစ်ရွာ ပျူစောထီးဂိတ်အား PDFအဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး လေးဦးသေဆုံးပြီး သေနတ် ၃လက် သိမ်းဆည်းခံလိုက်ရသေးသည်။

မြင်းခြံမြို့၌ သြဂုတ် ၁၀ ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံမြို့ရှိ အမှတ်(၁၅)ခြေမြန်တပ်ရင်း၊ လေးရွာဆုံပျူစောထီးစခန်း၊​ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ထို့အပြင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားပြီး Non CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲက မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာ ၁၀ ရွာ ထက်မနည်းက ဒေသခံ ပြည်သူ ခြောက်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံ အချို့ထံကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့ရှိ မီးသတ်ဦးစီးဌာနရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်၊၊

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့နယ်ဒေသခံများက ပြောသည်။

Facebook