close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြိူ့ကို စစ်ကောင်စီ ဗုံးထပ်ကြဲခြင်းမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရန်ဆောင်ရွက်နေသူများ၏ကြိုးပမ်းမှုအလဟဿ ဖြစ်စေမည်ဟု MNDAA သတိပေး

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

လားရှိုးမြို့ကို စစ်​ကောင်စီတပ် ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းလုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်းကိုးကန့်တပ်မတော်(MNDAA)ကထုတ်ပြန်သတိပေးလိုကက်သည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၁ ရက်ညပိုင်းတွင် MNDAA သိမ်းထားသည့် လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဩဂုတ် ၃ရက်တွင် လားရှိုးမြို့အား MNDAA သိမ်းပိုက်ပြီးနောက် မြို့ကိုလေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုလည်းဖြစ်သည်။

စက်တင်ဘာ ၂၁ရက်ည လေကြောင်း တိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ အမှတ်( ၃) အခြေခံပညာ အထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခုပေါ် ကျရောက်သည်။ အခြားဗုံးတစ်လုံးမှာ ရပ်ကွက် (၁) ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်သို့ကျရောက်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုများရှိပြီး ပြည်သူ တစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့သည်ဟု MNDAA ကအသိပေးသည်။

ကယ်ဆယ်ရေး တာဝန်ရှိသူများနှင့် စစ်သားများက ဒဏ်ရာရသူကိုတွေ့ရှိပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဒဏ်ရာက မပြင်းထန်ခဲ့၍ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်းလည်းအသိ​ပေးထားသည်။

ယခုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် မင်းအောင်လှိုင်၏ စတုတ္ထကြိမ်မြောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သောအပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAA ၏ စက်တင်ဘာ ၄ရက် ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ အနေဖြင့် တနေ့တခြား ပိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် မေတ္တာရပ်ခံထားပြီး MNDAA အနေဖြင့်လည်းချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းမည်ဟု ဖော်ပြထား

သည်။ ထိုအပြင် ​တောင်ကြီး နှင့် ပြင်ဦးလွင်ရှိ စစ်​ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်​သော်လည်း မိမိကိုယ့်ကို ခုခံကာကွယ်ခွင့်ကို ကိုင်စွဲသွားမည်ဟု လည်း​ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။

သတင်း

ဗန်းမော်မြို့မှစစ်ကောင်စီသင်္ဘောသုံးစီး ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာပြီး ရွှေကူ နှင့် ကသာမြို့နယ်စပ်ရှိ မြစ်ကမ်းဘေးကျေးရွာများကို Y-12လေယာဉ်ဖြင့် ‌ဗုံးအလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။

သတင်း

ရေကြီး၊မြေပြိုမှုများဖြစ်နေသော ဖယ်ခုံမြို့ကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ် ၄ ဦးနှင့် အမျိုးသမီးအပါအဝင်လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။

Facebook