close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာတွေ ကိုင်ဆောင်တဲ့ ဝေါ်ကီတော်ကီတွေ ပေါက်ကွဲပြီး ၂၀ ထက်မနည်း သေဆုံး

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီတွေ) အများအပြား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီတွေ) အများအပြား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ ဖြစ်စဉ်ဟာ ဟစ်ဇ်ဘိုလာတွေရဲ့ ဝါယာလက် ဆက်သွယ်ရေး ကိရိယာတွေကို အခြေပြုပြီး နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရမှု ဖြစ်လာစေပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့တုန်းကလည်း ဟစ်ဇ်ဘိုလာတွေ အဓိက အသုံးများလေ့ရှိတဲ့ စာတိုပို့ လက်ကိုင် ကိရိယာငယ် pagerတွေ ထောင်နဲ့ချီ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဝေါ်ကီတော်ကီ ပေါက်ကွဲမှုတွေကတော့ လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်း ဆင်ခြေဖုံး ရပ်ကွက်တွေ၊ ဘီကာတောင်ကြားနဲ့ ဟစ်ဇ်ဘိုလာတွေ ဖြန့်ကျက်မှု အားကောင်းရာ ဧရိယာတွေမှာ ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာတွေက အခုတိုက်ခိုက်မှုတွေကို အစ္စရေးက ကျူးလွန်တယ်လို့ စွပ်စွဲခဲ့သလို တကယ်လည်း အစ္စရေးရဲ့ လုပ်ရပ်ဆိုတာ သိသာနေပေမယ့် အစ္စရေး စစ်တပ်ကတော့ ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။

တစ်ဖက်မှာတော့ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်တွေကြားမှာ အခုကိစ္စတွေကို အကြောင်းပြုပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးရဲ့ ကြားဖြတ် ခြေရာခံမှုတွေကို ရှောင်လွှဲဖို့အတွက် နည်းပညာအရ အဆင့်ပိုနိမ့်တဲ့ ဆက်သွယ်ရေး စနစ်တွေကို အသုံးပြုနေပေမယ့် အခုလိုမျိုး ဖောက်ခွဲရေး ကိရိယာတွေ ထည့်ထားတာ ခံရတဲ့ အခြေအနေနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုယက်ဗ် ဂဲလန့်က ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး နောက်ထပ် စစ်ဆင်ရေး အဆင့်အသစ် တစ်ခုကို သတ်မှတ်လိုက်ကြောင်း၊ အစ္စရေး တပ်တွေကို မြောက်ပိုင်းနယ်စပ်မှာ ပိုမို ဖြန့်ကျက်သွားမှာဖြစ်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေရဲ့ ဆက်သွယ်ရေး ကိရိယာတွေ နှစ်ရက်ဆက်တိုက် ပေါက်ကွဲတာကို ကြုံတွေ့လာတာ ဖြစ်ပါတယ်။

အစ္စရေးဟာ နိုင်ငံတောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဂါဇာကမ်းမြှောင် ဒေသမှာ ဟားမားစ် ပြောက်ကျားတွေနဲ့ စတင် စစ်ခင်းခဲ့ပြီး မကြာခင်မှာပဲ နိုင်ငံမြောက်ပိုင်းမှာလည်း ဟစ်ဇ်ဘိုလာတွေနဲ့ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ကတော့ လက်ရှိ အခြေအနေတွေကို အကြောင်းပြုပြီး ဒေသတွင်း တင်းမာမှုတွေဟာ ကြောက်ခမန်းလိလိ အခြေအနေမျိုး မြင့်တက်သွားနိုင်ကြောင်း သတိပေးခဲ့ပြီး နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း စက်တင်ဘာ ၁၈ ရက်နေ့တုန်းက လက်ဘနွန်ဖက်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်း အစင်း ၃၀ လောက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီး မီးလောင်မှု တစ်ခု ဖြစ်ပွားစေခဲ့ ထိခိုက်သေကြေမှုတွေတော့ မရှိခဲ့ဘူးလို့ အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အစ္စရေး တိုက်လေယာဉ်တွေကလည်း လက်ဘနွန် တောင်ပိုင်း အခြေစိုက် ဟစ်ဇ်ဘိုလာ ပစ်မှတ်တချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန် နိုင်ငံအနှံ့မှာ pager ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာက လူ ၉ ဦး သေဆုံးပြီး ၃၀၀၀ လောက် ဒဏ်ရာရခဲ့တဲ့နောက် ဒီတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ကုန်တင်သင်္ဘောတွေ မီးလောင်ရာက ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ အီရန်တို့က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် အစ္စရေးနဲ့ မဟာမိတ် အမေရိကန်တို့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။