close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနှင့် ရေစကြိုတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ ဦး သေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ချင်း​တွင်းမြစ်အထက်မှစုန်ဆင်းလာ​သောစစ်​ကောင်စီ​ရေယာဥ်အုပ်​ကြောင့် ကမ်း​ဘေး​ကျေးရွာများကိုပစ်ခတ်​နေခြင်းဖြစ်ဟုသိရ

ချင်းတွင်းမြစ်အတွင်းမှ စစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ- အညာပစ်တိုင်း​ထောင်​လေးများ

ဟာနာဆန်/People’s Spring

မြင်းခြံနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်က တနဂါ်​နွေ​နေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (စက်တင်ဘာ ၂၂ ရက်​နေ့) နံနက် ၈ နာရီနှင့် ၁၁ နာရီခန့်က မြင်းခြံမြို့နယ်၊ ခြေဆေးရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်ဗုံး ၆ လုံးကြဲပြီး စက်လက်ဖြင့် ၆ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံများက​ပြောသည်။ထိုသို့တိုက်ခိုက်မှုကြောင့် ယာခင်းထဲပေါင်းနှုတ်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် အမျိုးသမီး ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံလေကြောင်းတိုက်ခိုက်မှု၌ ထိခိုက်ခဲ့သောပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-Myingyan News

“တိုက်ပွဲမရှိဘဲပစ်တာ။နှစ်ကြိမ်ပစ်တာ ဘယ်အကြိမ်မှာထိတယ်တော့မသိဘူး။ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ် တိုက်ခိုက်မှု​ကြောင့် ခြေဆေးရွာရှိ နွားအကောင်ရေ သုံးဆယ်နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းကပင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ဘက်ပိုင်း မအူအောက်ဆိပ်၊ မအူအလယ်ရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောသည်။

“တိုက်ပွဲဖြစ်တာ မရှိပါဘူး။ အထက်ပိုင်းက စခ သင်္ဘောတွေ စုန်လာတာကို ချင်းတွင်းမြစ်ဘေး ရွာတွေကို လေကြောင်းတိုက်ခိုက်တာလို့ ယူဆရပါတယ်။ မုံရွာ မင်းဒေါင့်က မနေ့ မနက်ပိုင်းက စုန်လာတဲ့ စခသင်္ဘောတွေ မနေ့ညနေပိုင်းက ဆင်ဖြူရှင်တံတား အထက်ဘက်မှာ တစ်ချို့က သောင်တင်နေပြီး မြစ်ကမ်းဘေးက ရွာတွေ အကုန်လုံး ထွက်ပြေးနေကြရတာ။လေကြောင်းကအဲဒီသင်္ဘောတွေနဲ့ မြစ်ကြောင်းအတိုင်း လိုက်ပါနေတာလို့သိရပါတယ်။”ဟုရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

စစ်​ကောင်စီတပ်သည် ချင်းတွင်းမြစ်အထက်ဘက်မှ သစ်တင်​ရေယာဥ် ၊​ကြေးနီတင်​ရေယာဥ် ၊ကားတင်​ရေယာဥ် စသဖြင့် ​ရေယာဥ်အစီး ၂၀ ​ကျော်ဖြင့် မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှ ​အောက်ဖက်သို့ချင်းတွင်းမြစ်အတိုင်း စက်တင်ဘာ ၂၁ ရက်တွင်စုန်ဆင်းလာခြင်းဖြစ်သည်။စစ်​ရေယာဥ်အုပ်စုမှာမြစ်ကမ်း​ဘေး ဝဲယာများကို ရမ်းသန်းပစ်ခတ်သလို ၊ရဟတ်ယာဥ်ကလည်း ​ရေယာဥ်အုပ်စုကို လိုက်ပါ၍ လုံခြုံ​ရေး​ပေး​နေခြင်းဖြစ်သည်။

“တချို့ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ သေဆုံးသူ တစ်ဦးမှာ ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးလို့ဘဲသိရပြီး ကျန်တဲ့သူတွေရဲ့အချက်အလက်တွေက မသိရသေးဘူး။ အကုန်လုံးက ထွက်ပြေးနေကြပြီး ဖုန်းလိုင်းတွေကလည်း မကောင်းတော့ ဆက်သွယ်မရသေးဘူးဖြစ်နေတာ။”ဟု ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

မြင်းခြံ၊ ရေစကြိုလေကြောင်းပစ်ခတ်မှုများမှ ထိခိုက်သေဆုံးသူများ၏အသေးစိတ်အချက်အလက်များကို People’s Springက စုံစမ်းနေပြီး လက်တလောမသိရသေးပေ။

မြင်းခြံမြို့နယ်သည် သြဂုတ်၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ ကျေးရွာအများအပြားအား စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး စက်တင်ဘာ ၂၀ နှင့် ၂၁ရက်က ဖား

ကန့်၊ နောင်ချို၊ စဥ့်ကူး၊ မတ္တရာမြို့နယ်များတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးပြည်သူ ၉ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) ညပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးလည်း မြို့ပေါ်၌ပျံဝဲနေဆဲဟု လားရှိုးမြို့ခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့ တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီးယမန်နေ့(စက်တင်ဘာ ၂၀ရက်)ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်စောတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

Facebook