close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့​တော်လှန်​ရေးကို အခြေခံရိုက်ကူးထားတဲ့ Sky News ရဲ့မှတ်တမ်း ရုပ်ရှင်ဇာတ်ကား အမ်မီဆု ဆွတ်ခူး

မြန်မာနိုင်ငံ ကရင်နီပြည်က​​တော်လှန်​ရေးတပ်ဖွဲ့​တွေရဲ့ ​တောတွင်းလျှိုဝှက်​ဆေးရုံးကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် The Last Hospital: 30 Days in Myanmar နဲ့အတူ Sky News သတင်းဌာနဟာ နိုင်ငံတကာ အမ်မီဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

The Last Hospital: 30 Days in Myanmar မှတ်တမ်းရုပ်ရှင် ​ခေါင်းစီး။ဓါတ်ပုံ-Sky News

မြန်မာနိုင်ငံ ကရင်နီပြည်က​​တော်လှန်​ရေးတပ်ဖွဲ့​တွေရဲ့ ​တောတွင်းလျှိုဝှက်​ဆေးရုံးကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် The Last Hospital: 30 Days in Myanmar နဲ့အတူ Sky News သတင်းဌာနဟာ နိုင်ငံတကာ အမ်မီဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

အဲဒီ ဇာတ်ကားဟာတောတွင်း လျှို့ဝှက်နေရာ တစ်ခုမှာ တော်လှန်ရေး ဆေးတပ်သားတွေရဲ့ ကြိုးစားအားထုတ် ရုန်းကန်မှုတွေ၊ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို ဖော်ထုတ်ပြထားတာ ဖြစ်ပါတယ်။

ဆုလက်ခံရယူ​နေ​သော Sky News။ ဓါတ်ပုံ-Sky News

Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ်ရမ်းဆေးနဲ့ အဖွဲ့သားတွေဟာ မြန်မာ့တော်လှန်ရေး အင်အားစုတွေ ဖြစ် ကရင်နီအမျိုးသားကာကွယ်​ရေးတပ်-KNDF တပ်ဖွဲ့​တွေနဲ့အတူ တစ်လလောက် သိုသိုဝှက်ဝှက် နေထိုင်ရင်း အခုဗီဒီယိုကို မှတ်

တမ်းယူ ရိုက်ကူးခဲ့တာပါ။ အထူးသဖြင့် ရှေ့တန်း စစ်မြေပြင်တွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေဟာလူ့အသက်တွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စွန့်စားစား အလုပ်လုပ်နေသလဲ ဆိုတာကို The Last Hospital: 30 Days in Myanmar က ထင်ဟပ်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာတော့ ရမ်းဆေးက အခု ပရောဂျက်အတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး အားထုတ်ပေးခဲ့တဲ့ စီနီယာ ပရိုဂျူဆာ ဒေါမနစ် ဗန်ဟာဒင်းကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များလှတဲ့ အခြေအနေမှာ မှတ်တမ်းရုပ်ရှင် ဖြစ်မြောက်အောင် ရိုက်ကူးဖို့ စီမံပေးခဲ့သူ အားလုံးကိုလည်း ရမ်းဆေးက အသိအမှတ်ပြုသွားခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ သတ္တိပြောင်မြောက်မှုကို သူက ချီးကျူးခဲ့ပါတယ်။

မှတ်တမ်းရိုက်ကူးခဲ့​သော ကရင်နီ​တောတွင်းမှ ​ဆေးရုံ။ဓါတ်ပုံ- Sky News

မှတ်တမ်းရုပ်ရှင်မှာ အဲဒီ ကျန်းမာရေး ဝန်ထမ်းတွေဟာ အရေးအပါဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ပေမယ့် တစ်ဖက်မှာလည်း သူတို့အဖွဲ့ကို လက်ခံထားခြင်းက ဆရာဝန်တွေ၊ သူနာပြုတွေအတွက် ပိုပြီး အန္တရာယ် များခဲ့တယ်လို့ ရမ်းဆေးက ရှင်းပြသွားပါတယ်။

သူက စစ်ပွဲဇုန်တွေမှာ သတင်းထောက်တွေကိုယ်တိုင် စွန့်စားသွားလာ သတင်းယူတာမျိုး မရှိရင် ဘယ်သူကမှ တကယ့် ပကတိ အခြေအနေမှန်တွေကို ဖော်ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။ ဒီနှစ် ဆုပေးပွဲမှာ မှတ်တမ်းရုပ်ရှင် ကဏ္ဍအတွက် The Last Hospital: 30 Days in Myanmarဟာ ဘရာဇီးရဲ့ GloboNews၊ ဗြိတိန်ရဲ့ BBC၊ အစ္စရေးရဲ့ Uvdaတို့လို ပြိုင်ဘက်ကောင်း သတင်းဌာနတွေကို ကျော်လွှားခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား -Sky News

ဆက်စပ်သတင်းများ

ဘာသာပြန်

နိုင်ငံအနှံ့က တော်လှန်ရေး အစုအဖွဲ့တွေကလည်း အပြစ်အနာအဆာ လုံးဝကင်းစင်တဲ့ အဖြေတစ်ခု ရနိုင်တဲ့ထိ စောင့်နေကြတာတော့ မဟုတ်ပါဘူး။ ကွဲပြားစုံလင်တဲ့ အင်အားစုတွေကြားမှာ အခြေအနေ ပေးလာသလောက်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစား ညှိနှိုင်းနေကြပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်က သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ အပြင်းအထန် ကျူးလွန်နေတဲ့တိုင် Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်းဆေးဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေရဲ့ တောတွင်း ဆေးရုံတစ်ခုဆီ အရောက်သွားခဲ့ပြီး စစ်ပွဲရဲ့ ထိခိုက်သက်ရောက်မှုတွေကို မျက်မြင် သတင်းယူခဲ့ပါတယ်။

ဆောင်းပါး

ဒီနေ့မှာတော့ မြန်မာနိုင်ငံဟာ သမိုင်းတလျှောက် ထူးထူးကဲကဲ အခြေအနေမျိုးထိ စုစည်းလာပြီး စစ်အာဏာရှင်ကို စိတ်တူကိုယ်တူ ဆန့်ကျင် တော်လှန်နေကြပြီ ဖြစ်ပါတယ်။

သတင်း

ဂျပန်နိင်ငံ တိုကျိုမြို့လယ်က ပရိသတ် ၁၃၀၀ ဆံ့တဲ့ရုံကြီးမှာ လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

Facebook