close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း မက်စ်ဝါဒီ ဒစ်အန်နာယက်ကီ အနိုင်ရ

နိုင်ငံစီးပွားရေး ဆိုးဆိုးရွားရွား ယိမ်းယိုင်ပြိုကျခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပတဲ့ သီရိလင်္ကာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း မက်စ်ဝါဒီ တစ်ဦးက အနိုင်ရခဲ့ပါတယ်။

နိုင်ငံစီးပွားရေး ဆိုးဆိုးရွားရွား ယိမ်းယိုင်ပြိုကျခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပတဲ့ သီရိလင်္ကာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်း မက်စ်ဝါဒီ တစ်ဦးက အနိုင်ရခဲ့ပါတယ်။

အသက် ၅၅ နှစ် ရှိပြီဖြစ်ပြီး ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (JVP)ရဲ့ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသား ပြည်သူ့စွမ်းအား (NPP) အင်အားစုကို ခေါင်းဆောင်နေသူလည်းဖြစ်တဲ့ အနူရာ ကုမာရ ဒီဆာနာ ဒစ်အန်နာယက်ကီဟာ ရွေးကောက်ပွဲမှာ စုစုပေါင်း ထောက်ခံမဲ အရေအတွက် ၄၂.၃၁ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါတယ်။

ဒစ်အန်နာယက်ကီဟာ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့၊ အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ကြိုးစား လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့ မဲဆွယ်ခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဓိက အတိုက်အခံ ခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးတဲ့ ဆာဂျစ်သ် ပရီမာဒါဆာကတော့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၃၂.၇၆ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ ထွက်ပြေးသွားရတဲ့ထိ လူထုအုံကြွမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ နိုင်ငံစီးပွားရေး ပြိုဆင်းမှုတွေအပြီး ကြားကာလတလျှောက် နိုင်ငံကို စီမံ အုပ်ချုပ်ခဲ့သူ သမ္မတ ရာနေးလ် ဝစ်ခ်ရမ်မီဆင်းကတော့ ၁၇.၂၇ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းမှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်း ကျော်လွန်အောင် မရခဲ့တာကြောင့် မဲအများဆုံး နှစ်ဦးတည်းက ဒုတိယအဆင့် ထပ်မံ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါဟာ သီရိလင်္ကာ နိုင်ငံသမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲကို နှစ်ဆင့် ယှဉ်ပြိုင်ရမှု ဖြစ်လာပါတယ်။

သူ့ရဲ့ အနိုင်ရမှုကို တရားဝင် ကြေညာပြီးတဲ့ နောက်မှာတော့ ဒစ်အန်နာယက်ကီက ဆင်ဟာလိစ်၊ တမီးလ်၊ မွတ်ဆလင် အသိုက်အဝန်းတွေ အားလုံး စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုခဲ့သလို အားလုံး စုပေါင်းထားတဲ့ စွမ်းအားတွေ၊ အမြင်တွေနဲ့အတူ နိုင်ငံရဲ့ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြည်သူတစ်ရပ်လုံး ရာစုနှစ်တွေနဲ့ချီ ပျိုးထောင်ခဲ့တဲ့ အိပ်မက်ဟာ နောက်ဆုံးတော့ လက်တွေ့ အထမြောက်လာကြောင်း၊ သူ့ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုဟာ တစ်ဦးတည်း အားထုတ်မှုကြောင့် မဟုတ်ဘဲ သိန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ရွေးချယ်မှုကြောင့် ဖြစ်ကြောင်း၊ သူ့ကို ဒီနေရာကို တွန်းတင်ပေးခဲ့တာ ပြည်သူတွေဖြစ်ပြီး အဲဒီအတွက် အရမ်းကျေးဇူးတင်ကြောင်း၊ သူ့ရဲ့ အောင်ပွဲဟာ အားလုံးနဲ့ သက်ဆိုင်ကြောင်း ဒစ်အန်နာယက်ကီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အခုနှစ် သီရိလင်္ကာ ရွေးကောက်ပွဲမှာတော့ တဟုန်ထိုး ကျဆင်းခဲ့ဖူးတဲ့ နိုင်ငံ စီးပွားရေးကို ဘယ်လိုပြန်လည် ဦးမော့လာစေမလဲဆိုတဲ့ မူဝါဒတွေဟာ မဲဆန္ဒရှင်တွေ အဓိက ဆုံးဖြတ်ရွေးချယ်တဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ဒစ်အန်နာယက်ကီက သူသမ္မတ ဖြစ်လာရင် လူထုရဲ့ ဘဝ အခြေအနေတွေကို ချောင်လည်လာစေမယ့် ဖြေလျှော့မှုမျိုးတွေကို အကောင်အထည် ဖော်ပေးသွားမယ်လို့ ကတိပြုပြီး စည်းရုံးရေး ဆင်းခဲ့ပါတယ်။

ရာထူးက ဖယ်ပေးရတော့မယ့် လက်ရှိ သမ္မတ ဝစ်ခ်ရမ်မီဆင်းဟာ ဆိုးဆိုးရွားရွား ပြိုလဲနေတဲ့ နိုင်ငံ စီးပွားရေးကို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး ပြန်ဦးမော့လာအောင် အားထုတ်ပေးခဲ့ပေမယ့် အခြေအနေ အားလုံးဟာ ထိလွယ်ရှလွယ် ရှိနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ ဘဝချောင်လည်ရေးအတွက် ဘယ်လို အထောက်အကူမှ မပေးနိုင်ခဲ့ခြင်းကလည်း သူ့ဆီကနေ မဲဆန္ဒရှင်တွေ ကျောခိုင်းသွားစေတဲ့ အဓိက အကြောင်းတရားတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပြီး သူဟာ လူထုက ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သမ္မတဟောင်း ရာဂျာပက်ဆာနဲ့ ဆက်နွှယ်မှု ရှိသူအဖြစ်လည်း လူထုရဲ့ အမြင်မကြည်ခြင်းကို ခံခဲ့ရပါတယ်။ ရာဂျာပက်ဆာဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ အဂတိ ပြဿနာတွေကို အကြောင်းပြုပြီး နိုင်ငံစီးပွားရေးကို ပြိုလဲစေခဲ့သူအဖြစ် နာမည်ဆိုး တွင်ကျန်နေခဲ့ပါတယ်။

ကိုးကား: Al Jazeera⁩

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ပြည်ပရောက် မြန်မာများပူးပေါင်း၍ စစ်ကောင်စီပြုလုပ်ရန် စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြမှု ယနေ့ (စက်တင်ဘာ ၁) ပြုလုပ်ခဲ့သည်။

သတင်း

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ပါတီဝင်များကို နှုတ်ဆက်စကားပြော

သတင်း

စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ဒုက္ခဆင်းရဲခံစားနေရ

နိုင်ငံတကာ

ထင်ရှားမြင်သာနေပြီး ဖြစ်တဲ့အတိုင်း ကာမာလာ ဟားရစ်ဟာ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

Facebook